ပန်ချာပီပြည်နယ်ထဲက Kitty-party (အမျိုးသမီးစုကြေးအသင်း) လောကမှာ ကံကောင်းလွန်းလို့ အမြဲနိုင်နေတဲ့ သာမန်အမျိုးသမီးနှစ်ယောက်ရှိပါတယ်။
သူတို့ဟာ လူကုံထံအသိုင်းအဝိုင်းက အမျိုးသမီးတွေကြားထဲမှာ "Kitty Party" တွေတက်ရင်း အမြဲတမ်း ကံကောင်းပြီး စုကြေးတွေကို တစ်ယောက်တည်း သိမ်းကျုံးနိုင်နေတာပေါ့။
တကယ်တော့ ဒါဟာ ကံကောင်းတာသက်သက်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ ပါးနပ်တဲ့ လှည့်ကွက်တွေနဲ့ စနစ်တကျ စီစဉ်ထားတဲ့ အကြံအစည်တွေ ဖြစ်နေတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ စွန့်စားခန်းတွေက ပိုပြီးကြီးမားလာသလို၊ တစ်ဖက်မှာလည်း သူတို့နောက်ကို လိုက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အခြေအနေတွေက တဖြည်းဖြည်း တင်းမာလာပါတယ်။
သူတို့ရဲ့ လိမ်လည်မှုတွေက ဘယ်လောက်အထိ ခရီးပေါက်မလဲ။ သူတို့ဘာကြောင့် ဒီလိုမျိုး လိမ်လည်မှုတွေကို လုပ်ဆောင်ရတာလဲဆိုတာ........။