ဂျွန်ဆိုတဲ့ကောင်မလေးဟာ သူ့အမေရဲ့ အလုပ်က သူဌေးကြောင့် လူကုံထံသားသမီးတွေပဲ တက်ရောက်ခွင့်ရတဲ့ စိန့်မေရီဆိုတဲ့ အီတလီကျောင်းတစ်ကျောင်းကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
သူမဟာ ကျောင်းမှာ အေးအေးဆေးဆေးပဲ ဖြတ်သန်းမယ်လို့ တွေးရုံပဲ ရှိသေးပေမဲ့ ဂျိမ်းစ်နဲ့ ဝီလ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်း တဖြစ်လည်း ကောင်လေးနှစ်ယောက်က သူ့ဘဝထဲကို ဝင်ရောက်လာပါတော့တယ်။
ဂျိမ်းစ်က မြေအောက်လက်ဝှေ့ကလပ်တွေမှာ သတ်ပုတ်တတ်တဲ့ ပြဿနာကောင်လေးဖြစ်ပြီး ဝီလ်ကတော့ ရိုးရိုးအေးအေးနဲ့ စာဂျပိုးလေးဖြစ်ပါတယ်။ ဒီတော့ သူတို့သုံးယောက်ကြားမှာ ဇာတ်လမ်းလေးက ဘယ်လိုအစပျိုးမလဲ၊ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။