Ad P1
Ad P2

Pro Bono (2025)

Premium By Shine Design With Shroff Templates
Poster
⭐️8.8


ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Law ကိုမှ မပျင်းရလေအောင် comedy လေးတွေလည်းပါတဲ့ Pro Bono ဆိုတဲ့ ဥပဒေကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..

ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ Jung Kyoung-Ho, Dr.romantic ထဲက ဆရာဝန်မလေး So Joo-yeon တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ..

Kang Da-Wit ( Jung Kyoung-Ho )ဟာ ရည်မှန်းချက်ကြီးမားတဲ့ တရားသူကြီးတစ်ဦးပါ..
အလုပ်လုပ်ပုံက ပြီးပြည့်စုံပြီး သန့်ပြန့်တဲ့ရုပ်ရည်ကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါပေမဲ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်မိကာ တရားသူကြီးဘဝကနေ နှုတ်ထွက်လိုက်ရပြီးနောက် Pro Bono လို့ ခေါ်တဲ့ non-profit ရှေ့နေအဖွဲ့အစည်းတစ်ခုကို ဝင်ပြီး ပြည်သူ့အကျိုးဆောင် ရှေ့နေအဖြစ်နဲ့ ပြန်လည်စတင်ဖို့ ကြိုးစားပါတော့တယ် ။
Park Ki-Bbeum ( So Joo-yeon )ကတော့ Pro Bono ရဲ့ ပြည်သူ့အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်ပြီး စိတ်ဝင်စားတဲ့အရာကို တစိုက်မတ်မတ် လုပ်တတ်သူပါ..
ရှေ့နေအလုပ်ဆိုတာ လူ့အခွင့်အရေးကို ကာကွယ်ပေးပြီး တရားမျှတမှုကို ဆောင်ကျဉ်းပေးသူလို့ ယုံကြည်သူလေးလည်း ဖြစ်ပါတယ် ။
သူတို့နှစ်ဦး Pro Bono မှာ ဆုံတွေ့ကြပြီး အားနည်းသူတွေကို အခက်အခဲတွေကြားကနေ ဘယ်လိုကာကွယ်ပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် အတူတူ ခံစားကြည့်ရှုလိုက်ကြရအောင်နော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open