ဒီကားလေးထဲမှာတော့ Sun အဖြစ် Nanon Korapat Sairung အဖြစ် Mind Atitaya တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်း…
ပုံမှန်ချစ်သူစုံတွဲတွေမှာ ကောင်မလေးက စိတ်နှစ်ခွနဲ့ မတူညီတဲ့အခြမ်းတွေရှိတတ်ကြပါတယ်
ဒါပေမဲ့ Sairung ဆိုတဲ့ကောင်မလေးမှာတော့ Personality 5ခု ရှိနေပါတယ်....
သမီးတစ်ယောက်တည်းရှိပေမဲ့ Personality 5ခု ရှိနေတာကြောင့် သမီး ၅ ကောင် နွား၅ထောင် ဖြစ်နေရှာတဲ့ Sairung ရဲ့အဖေက အစီအစဥ်တစ်ခုဆွဲလိုက်ပါတော့တယ်...
Sunလို့ခေါ်တဲ့ကောင်လေးကို သမီးဖြစ်သူSairung ရဲ့ Personality 5ခုလုံးနဲ့ ချစ်ကြိုက်မိသွားအောင်လုပ်ဖို့ပဲဖြစ်ပါတယ်....
ချစ်စရာကောင်းပြီးတက်ကြွတဲ့ Fahsai သန်မာပြီးအားကစားလုပ်ရတာကြိုက်တဲ့ Storm အူကြောင်ကြောင်လေးနဲ့အနေအေးတဲ့ Praifon Sexyကျပြီး လှပတဲ့ Sairungနဲ့ Bussiness womenလေးဖြစ်ပြီး Sunကိုလုံးဝကြည့်မရတဲ့ Manmok....
ဒီPersonalities 5ခုကို Sun ဘယ်လိုတွေစိတ်ယိုင်လာပြီးချစ်ကြိုက်သွားအောင်လုပ်မလဲ
Sairung ကရော Sun ကို ပြန်ချစ်လာမှာလားဆိုတာ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်...