Ad P1
Ad P2

Physical: Asia (2025)

Premium By Shine Design With Shroff Templates
Poster
⭐️9.5


ဒီတစ်ခါမှာတော့ Physical : 100 ရဲ့ spin off အစီအစဥ်ဖြစ်တဲ့ Physical: Asia ကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီတစ်ခေါက်မှာတော့ အရှေ့ season တွေကလို ကိုရီးယားလူမျိုး ကစားသမားတွေချည်း မဟုတ်ဘဲနဲ့
အာရှ-ပစိဖိတ် နိုင်ငံပေါင်း ၈ နိုင်ငံက ပြိုင်ပွဲဝင် ၄၈ ယောက် ပါဝင်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်တွေကလည်း အရင် season တွေမှာ ပါခဲ့တဲ့ Kim Dong Hyun, Yun Sung Bin တို့လို
နိုင်ငံကိုယ့်စားပြု ကစားသမားတွေတင်မကဘဲ ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘာကျော်လက်ဝှေ့သမား
Pacquiao တို့လို အားကစား နယ်ပယ်အသီးသီးမှာ နာမည်ရပြီးသားသူတွေ၊ ဆုတံဆိပ်ပေါင်းများစွာ
ရရှိပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသိအမှတ်ပြုခံထားရသူတွေပဲ ဖြစ်ပါတယ်။
အရှေ့ Season တွေလိုပဲ ပြိုင်ပွဲဝင်ကစားသမားတွေက ကိုယ်ကာယစွမ်းရည်ကို အခြေတည်တဲ့ ခက်ခဲတဲ့
ကစားပွဲတွေကို အဆင့်ဆင့် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ဖျတ်လတ်မှု၊
နည်းဗျူဟာကျွမ်းကျင်မှု စတဲ့ အရည်အချင်းတွေက ပြိုင်ပွဲတွေမှာ အနိုင်အရှုံးကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး
နောက်ဆုံးအနိုင်ရကျန်ရှိတဲ့ တစ်ဖွဲ့တည်းကသာလျှင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး ငွေကြေးဆုကို ရရှိသွားမှာပဲ ဖြစ်ပါတယ်။
ကိုယ့်အမိမြေကို ကိုယ်စားပြုပြီး ယှဥ်ပြိုင်ရတာဖြစ်လို့ ကစားသမားတွေရဲ့ အကြိတ်အနယ် ယှဥ်ပြိုင်မှုတွေကို
ရင်တထိတ်ထိတ်နဲ့ မရပ်မနားကြည့်ဖြစ်မှာတော့ အသေအချာပဲမို့လို့ အခုပဲ ရှုစားကြည့်လိုက်ပါဦးနော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open