ဗိုလ်မှူး ကီနန်ဟာ အရှေ့ဥရောပ နိုင်ငံငယ်တစ်ခုက အမေရိကန်သံရုံးကို သွားရောက်ကြီးကြပ်စောင့်ရှောက်ဖို့ တာဝန်ကျတဲ့အတွက် အဲဒီနိုင်ငံငယ်လေးကို ရောက်ရှိလာခဲ့ပါတယ်။
သူရောက်ပြီးမကြာပါဘူး၊ သမ္မတအိမ်တော်ရှေ့မှာ စုပေါင်းဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူတွေကို လက်နက်ကိုင်အဖွဲ့တွေက စတင်ပစ်ခတ်ပါတော့တယ်။
အဲဒီအချိန်မှာ ပြည့်သူတော်လှန်ရေးစစ်တပ်လို့ ခေါ်ကြတဲ့တပ်ဖွဲ့က သမ္မတက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပါတယ်လို့ ခေါင်းစဉ်တပ်ပြီး သမ္မတအိမ်တော်ကို ဝင်စီးဖို့ လုပ်တဲ့အတွက် ဗိုလ်မှူး ကီနန်နဲ့ ရဲဘော်အဖွဲ့ဝင်တွေက သမ္မတကြီးကို အမေရိကန်ပိုင်မြေ သံရုံးပိုင်နက်ထဲကို ကယ်လာခဲ့ပါတော့တယ်။
သိပ်မကြာခင်မှာပဲ ပြည်သူ့စစ်ခေါင်းဆောင်ဆိုတဲ့လူက သမ္မတကို လွဲပြောင်းပေးဖို့ အမေရိကန်သတင်းထောက်တွေကို ဓားစာခံလုပ်ထားပါတော့တယ်။
ဒီတော့ ဗိုလ်မှူး ကီနန်တစ်ယောက် ရဲဘော်လက်တစ်ဆုပ်နဲ့ ဘယ်သူက အပြစ်မဲ့ပြည်သူတွေကိုသတ်တာလဲ၊ ဘယ်သူက ဆိုးတာလဲ၊ ဘယ်သူက ကောင်းတာလဲဆိုတာကို အဖြူအမဲ မသဲကွဲပဲ ဒီအခြေအနေကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပါတယ်။