Ad P1
Ad P2

Our Golden Days (2025)

Premium By Shine Design With Shroff Templates
Poster
⭐️8.3


ဒီတစ်ခေါက်မှာတော့ ဇာတ်လမ်းအရှည်ကြီးတွေမှ ကြည့်ရတာ အားရတယ်ဆိုတဲ့ သူတွေအတွက် အပိုင်း၅၀ ထုတ်လွှင့်ပြသမယ့် မိသားစု၊ အချစ်၊ ဟာသဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ 49 days နဲ့ စခယ်ဂျူလာအဖြစ် လူသိများတဲ့ မင်းသားချော Jung Il Woo, Waikiki ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသမီး Jung In Sun, Witch’s Court ထဲက မင်းသား Yoon Hyun Min တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- အီဂျီဟျော့ (Jung Il Woo) ကတော့ အချစ်ရေးရော အလုပ်မှာရော အရည်အချင်းရှိသူတစ်ယောက်ပြီး သွေးအေးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဂျီအွန်းအို (Jung In Sun) ကတော့ တက်ကြွတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကော်ဖီဆိုင်မန်နေဂျာနဲ့ အိမ်အတွင်းပိုင်းဒီဇိုင်းပညာရှင်လေးပါ။ အွန်းအိုဟာ ဂျီဟျော့အပေါ်မှာ တစ်ဖက်သတ်ချစ်မိနေခဲ့ပေမဲ့ ဂျီဟျော့က သူ့အချစ်ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အွန်းအိုက ဂျီဟျော့အနားမှာပဲ ရှိနေပေးဆဲပါပဲ။ ဂျီဟျော့ရဲ့ သူငယ်ချင်းအရင်း ဘတ်ဆောင်းဂျယ် (Yoon Hyun Min) ကတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုကမွေးဖွားလာရပေမဲ့ အထီးကျန်တဲ့ဘဝကို ဖြတ်သန်းနေရသူတစ်ယောက်ပါ။ ဂျီဟျော့ကတော့ အချစ်ရေးနဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူပေါ့။ ဇာတ်လမ်းထဲမှာတော့ လူကြီးတွေနဲ့ လူငယ်တွေက ကိုယ်စီနာကျင်ရတဲ့ ခံစားချက်တွေကို မျှဝေခံစားပြီး ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိကြတဲ့ပုံကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးဆရာမကလည်း တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ Seoyoung My Daughter, 49 days တို့ကို ရေးသားခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းကောင်းမှာကတော့ အသေအချာပဲမို့လို့ အပတ်စဉ် စနေ၊တနင်္ဂနွေတိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...