Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင် သုံးကားမြောက်ပါပဲ။
အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲ ဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံ တွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။
မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သား သမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန် တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။
ကလေးဘဝ အမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်)