Ad P1
Ad P2

Mask (2015)

Premium By Shine Design With Shroff Templates
Poster
⭐️7.5


ဒီတစ်ခါမှာတော့ အားလုံးရဲ့အချစ်တော် The Trauma Code:Heroes on Call , Lightshop တို့ထဲက မင်းသားကြီး Ju Ji Hoon နဲ့ The Flu, Midnight F.M တို့ထဲက မင်းသမီး Soo Ae တို့ အဓိက ပါဝင်သရုပ်ဆာင်ထားပြီး Yeon Jeong Hun , Yu In Young စတဲ့ သရုပ်ဆောင်ကောင်းများစွာ ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲဟောင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။

ဖခင်ရဲ့အကြွေးတွေကြောင့် ငွေကြေးအကျပ်အတည်းကြုံတွေ့နေရတဲ့ ကုန်တိုက်က ဝန်ထမ်းကာင်မလေး ဗြောင်ဂျီဆု(Soo Ae) တစ်ယောက် သူနဲ့ရုပ်ချင်းတူပေမဲ့ အခြေအနေချင်းကွာခြားလှတဲ့ ဆောအွန်းဟာအဖြစ် ဟန်ဆောင်နေထိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဆောအွန်းဟာအဖြစ် ဟန်ဆောင်ရင်း နှစ်ဖက်မိသားစု စီးပွားရေး ‌‌‌အကျိုးအမြတ်အတွက် ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူဖြစ်တဲ့ ချွဲမင်အူ(Ju Ji Hoon) နဲ့ လက်ထပ်ခဲ့ရပါတော့တယ်။

မိဘတွေ စီစဉ်ပေးမှုကြောင့် လက်ထပ်ခဲ့ရပေမဲ့ တွေ့ဖူးနေကျ မိန်းကလေးတွေနဲ့ မတူကွဲပြားနေတဲ့ ဆောအွန်းဟာအပေါ် ချွဲမင်အူဘက်က ခံစားချက်တွေ ရှိလာပြီး
ဆောအွန်းဟာအဖြစ် ဟန်ဆောင်နေတဲ့ ဗြောင်ဂျီဆုကလည်း ချွဲမင်အူအပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဘယ်လိုဟန်ဆောင်ဖုံးကွယ်ထားမလဲ....

သူတို့နှစ်ဦးရဲ့ အချစ်လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ စောင့်မျှော်အားပေး ကြည့်ရှုပေးကြပါဦးနော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open