ဇာတ်လမ်းအကျဉ်း
အလာစကာပြည်နယ်ရဲ့ တိတ်ဆိတ်ပြီး လူသူဝေးလံတဲ့ အရပ်ဒေသတစ်ခုမှာ အကျဉ်းသားတွေတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဒီမတော်တဆမှုကြောင့် အန္တရာယ်ကြီးတဲ့ အကျဉ်းသားအများအပြား လွတ်မြောက်သွားပြီး ဒေသခံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာပါတယ်။ ဒေသရဲ့ တစ်ဦးတည်းသော U.S. Marshal ဖြစ်သူ Frank Remnick (Jason Clarke) က ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ရင်း လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို လိုက်လံဖမ်းဆီးရပါတော့တယ်။ လေယာဉ်ပျက်ကျမှုဟာ မတော်တဆဖြစ်တာ ဟုတ်ရဲ့လား၊ ဒါမှမဟုတ် ပိုကြီးမားတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုရဲ့ အစလားဆိုတာကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။