သူ့ရဲ့ ငါးနှစ်တာ အထူးတာဝန်က ထူးခြားဆန်းကျယ်တဲ့ ကမ္ဘာသစ်တွေကို စူးစမ်းလေ့လာဖို့၊ သက်ရှိအသစ်တွေကို ရှာဖွေဖို့၊ ယဉ်ကျေးမှုအသစ်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ဘယ်သူမှ မသွားဖူးသေးတဲ့ နေရာတွေဆီ ရဲရင့်စွာ ရှေ့ဆက်ကြပါစို့..." လက်ရှိ Star Trek franchise မှာ Timeline နှစ်ခု ကွဲထွက်နေပါတယ်။ တစ်ခုက ယခင့်ယခင် ထွက်ရှိခဲ့ပြီးသား Original series နဲ့ Next generation တို့ တည်ရှိရာ Prime Timeline ဖြစ်ပြီးတော့ နောက်တစ်ခုက Romulan တွေ အချိန်ခရီးသွားပြီး USS Kelvin ယာဉ်ကို ဖျက်ဆီးလိုက်တာကနေ ကွဲထွက်လာတဲ့ Kelvin Timeline ဖြစ်ပါတယ်။
ယခု Strange New Worlds ဟာ Prime Timeline မှာရှိနေတဲ့ Captain Kirk ရဲ့ ဖခင် Samuel Kirk ရဲ့ အချိန်ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Star Trek: Discovery ရဲ့ Spin-off ဆိုလည်း ဟုတ်ပါတယ်။ ဒီအချိန်မှာ အင်တာပရိုက်စ်ယာဉ်ကို ဦးစီးနေသူဟာ ကပ္ပတိန် ခရစ်စတိုဖာပိုက်ခ်ပါ။ Star Trek ရဲ့ နာမည်ကျော် ဇာတ်ကောင် မစ္စတာ Spock ဟာလည်း အင်တာပရိုက်စ်ရဲ့ အကြီးတန်းအရာရှိ (နံပါတ်တစ်) တောင် မဖြစ်သေးဘဲ သိပ္ပံဌာနမှူးအနေနဲ့သာ ရှိနေတဲ့ အချိန်ဖြစ်ပါတယ်။
Original series မစခင် အချိန်ပေါ့။ USS Discovery ယာဉ်ဟာ သူ့ကိစ္စနဲ့သူ အနာဂတ် နှစ် ၉၀၀ ကို ခုန်ကျော်ရောက်သွားချိန်မှာ သူ ခုန်သွားခဲ့တဲ့ နေရာအနီးက ဂြိုဟ်တစ်လုံးပေါ်က Civilization ဟာ လှမ်းမြင်လိုက်ရပါတယ်။ အဲဒီမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အင်တာပရိုက်စ်ရဲ့ အထူးတာဝန်က သက်ရှိအသစ်တွေ Civilization အသစ်တွေကို ရှာဖွေဖို့ ဖြစ်တာကြောင့် အဲဒီဂြိုဟ်ကို လာရဖို့ အကြောင်းဖန်လာပါတယ်။ အင်တာပရိုက်စ်ဟာ သူ့ရဲ့ငါးနှစ်တာ အထူးတာဝန်မှာ ဘယ်လို ထူးခြားဆန်းပြားတဲ့ ကမ္ဘာအသစ်တွေ၊ သက်ရှိအသစ်တွေကို ရှာဖွေတွေ့ရှိရမလဲ၊ ဘယ်လို အန္တာရာယ်တွေကနေ ရုန်းထွက်ကြမလဲဆိုတာကို ဒီစီးရီးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။