Ad P1
Ad P2

Gone with the Wind (1939)

Premium By Shine Design With Shroff Templates
Poster
⭐️8.2


ဇာတ်လမ်းအညွှန်း / Rotten Tomatoes (90%) ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ။ ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား ” လေရူးသုန်သုန် “ ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ။ ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းနောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါအော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး ၈ဆု ရခဲ့တဲ့ဇာတ်ကားဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ9၀% နဲ့ imdb မှာ 8.2 ရထားတဲ့ကာ
စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကားဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်းစစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်အရွဲ့တိုက်ချင်တဲ့စိတ်ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေနောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲလောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . . အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကိုပိုင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open