အားလုံးလည်းသိကြတဲ့အတိုင်း Avatar ကားတိုင်းကတော့ Rating လည်းများ ဇာတ်ကားတွေလည်း ကောင်းတော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးဆိုလည်း မမှားပါဘူး
ဇာတ်လမ်းအကျဉ်းကတော့ အသက် ၁၂ နှစ်အရွယ် Airbender တစ်ယောက်ဖြစ်တဲ့ Aang ဟာ ကမ္ဘာကြီးကို စိုးမိုးချုပ်ကိုင်ဖို့ အမှောင်လမ်းကိုစတင်လိုက်တဲ့ မီးတိုင်းပြည်က ရက်စက်တဲ့ သခင်ကြီး Sozin ကိုရင်ဆိုင်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ် Avatar တစ်ယောက်ဟာ ဓါတ်ကြီးလေးပါးလုံးကို တတ်မြောက်ကျွမ်းကျင်ပြီး ကမ္ဘာကြီးကို ကယ်တင်ရမယ့်တာဝန်ကို Aang တစ်ယောက် ဘယ်လိုတွေ အခက်အခဲအတားအဆီးတွေကို ကျော်လွှားမလဲ Aang တစ်ယောက် Avatar တစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်
IMDb 8.5/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး CGI တွေ Effect တွေလည်းသေချာလေးသုံးထားတာဖြစ်လို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းပဲဖြစ်ပါတယ်