Ad P1
Ad P2

Kamen Rider Black Sun (2022)

Premium By Shine Design With Shroff Templates
Poster
⭐️8.4


Kamen Rider နှစ်ငါးဆယ်ပြည့်နဲ့ Black ရဲ့ ၃၅နှစ်ပြည့် အတွက် အထူးတလည် ထုတ်လိုက်တဲ့ ဇာတ်လမ်းတွဲပါ။
Kamen Rider တွေ အများကြီးရှိတဲ့အထဲကမှ ငယ်ငယ်က နှံကောင်ပါဝါရိန်းဂျားလို့ လူသိများခဲ့တဲ့၊ ကလေးကြည့် ကားနဲ့မတူဘဲ ရုပ်ထွက်တွေ ချကွက်တွေ နည်းနည်းပြင်းတဲ့ Kamen Rider Black ရဲ့ အဆက်ဇာတ်လမ်းပါပဲ။
အများ စုကတော့ Kamen Rider တွေထဲမှာ Black ရဲ့ ဇာတ်လမ်း က အကောင်းဆုံးလို့ ဆိုကြပါတယ်။ ချခန်းတွေကောင်း သလို အငွေ့အသက်ကလည်း ဒတ်သလို မိန်းစတိုရီလိုင်းက လည်း ခိုင်မာလို့ပါပဲ။
မူလကလည်း ကလေးကြည့်ကားနဲ့ မ တူခဲ့သလို အခုပြန်ထုတ်တဲ့အခါမှာလည်း R rated ပေး ထားရလောက်တဲ့အထိ သတ်တာဖြတ်တာတွေကြမ်းပါ တယ်။ အူဆွဲထုတ်တာတွေ ခေါင်းကို လက်နဲ့ဆွဲဖြုတ်တာ တွေ ကိုယ်ကိုနှစ်ခြမ်းဖြဲပစ်တာတွေပေါ့။
ဇာတ်လမ်းကတော့ 2022 မှာပဲ ဇာတ်အိမ်တည်ထားပါ တယ်။ ခိုတရို တဖြစ်လဲ Black Sun ဟာ depression ဝင် လေလွင့်နေပြီး ဂျပန်ပြည်ကြီးကို မကာကွယ်ဘဲ မိုက်ကြေး ခွဲလိုက် ငွေရဖို့ ကလေးမလေးကိုတောင် သတ်ဖို့ ကြံလိုက် လုပ်နေတဲ့ကာလပါ။ Kamen Rider form မပြောင်းတာ တောင် နှစ်ငါးဆယ်လောက်ရှိပြီထင်ပါတယ်။
ဒီအချိန်မှာ Shadow Moon ကလည်း GorGom အဖွဲ့ အကျဉ်းချ ဖမ်းဆီးတာ ခံထားရတယ်။ Kaijin တွေနဲ့ လူသားတွေရဲ့ အဓိကရုဏ်းတွေကလည်း ပြင်းထန်နေပါတယ်။ နောက် Black Sun Kamen Rider form ပြောင်းလိုက်တဲ့အချိန်မှာ Shadow Moon ပါလွတ်လာပြီး သူတို့ အတူ GorGom အဖွဲ့ကို တိုက်ခိုက်ပြီး Creation King ကို သတ် ဖို့လုပ်ကြပါတော့တယ်။
မင်းသားကတော့ Drive My Car ရဲ့ မင်းသား Hidetoshi Nishijima ပါ။ ဒီထဲလည်း ကားပေါ်မှာနေပြီး ကြေကွဲ မျက်လုံးတွေနဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ပုံနဲ့ ကလေးမလေးတစ်ယောက်နဲ့ တိုင်ပတ်နေတာပါပဲ။
တစ်ခုရှိတာက ဒီကားကို ပိုဇာတ်ရည်လည်ချင်ရင် မူလ Black ဇာတ်လမ်းတွဲရဲ့ အကျဉ်းကို သိထားတာဖြစ်ဖြစ် ကြည့်ထားတာဖြစ်ဖြစ်မှ ပိုဇာတ်ရည်လည်မှာပါ။ သူက မော်ဒန်ခေတ်မှာ ဇာတ်အိမ်တည်ပြီး Black Sun တောင် သက်လတ်ပိုင်းအရွယ်ရောက်နေပါပြီ။
၁၉၇၂က အကြောင်းတွေကို နည်းနည်းတော့ထည့်ရှင်းပြပေမဲ့ သူတို့ ဘယ်လိုဖြစ်လာလဲ ဘာညာ သူတို့ ဘာတွေဖြစ်ခဲ့တာလဲဆို တာကိုတော့ အပိုင်း၂အထိတော့ သေချာဇာတ်ရည်လည် အောင် မရှင်းထားသေးပါဘူး။ ဒီတိုင်းလည်း ကြည့်လို့ဖြစ် ပေမဲ့ သိထားရင်တော့ ပိုကြည့်ကောင်းမှာပါ။ အပိုင်းဆယ် ပိုင်းရှိမှာပါ။
ဒီနှစ်မှာ ဂျပန်ရဲ့ နာမည်ကျော်ဇာတ်လမ်းတွေဖြစ်ခဲ့တဲ့ Shin Ultraman ရော Kamen Rider BLACK SUN ရော reboot တွေ ထွက်လာခဲ့ပါတယ်။ Shin Ultraman ကတော့ တော်တော်လေး ကြည့်ကောင်းခဲ့သလို တချို့ အခန်းတွေမှာ သူ့ ပြပုံတွေကအကျိုးနည်းဆန်းကြယ်တဲ့ အပြင် Masami Nagasawa ရဲ့ အလှကြောင့်ပါတော်တော်ကြည့်ကောင်းခဲ့ပါတယ်။ သို့ပေမဲ့ Ultraman ရဲ့ ပုံစံကြီးကတော့ နည်းနည်းဖျက်တက်တက်ပါပဲ။ ဒါပေမဲ့ လည်း ကြည့်ရတော်တော်တန်တဲ့ကားဖြစ်ခဲ့ပါတယ်။
Kamen Rider BLACK SUN ကတော့ Kamen Rider တွေရဲ့ ပုံစံရော Kaijin တွေရဲ့ ပုံစံရောက ပြောစရာမရှိသလို သတ်တာဖြတ်တာတွေ တော်တော်လေး dark ဖြစ်တာ မို့ အခုမှစကြည့်တဲ့သူဆို အစမှာ ဇာတ်ရည်မလည်ဖြစ်နိုင် တာကလွဲ တော်တော်ကြည့်ကောင်းပါတယ်။ မသိရင် Kamen Rider BLACK ဆိုပြီး ရှာဖတ်ပြီးမှ ကြည့်ရင် ပို အဆင်ပြေပါလိမ့်မယ်။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open