Ad P1
Ad P2

Percy Jackson and the Olympians (2023-2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.3


နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။
ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစက‌နေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။
ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။
ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။
ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။
ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။
ဇာတ်လမ်းအကျဉ်း
ပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။
ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေက‌နေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ပြည့်မှာပဲ အန္တရာယ်ပေးမဲ့ မိစ္ဆာတွေရောက်လာတာကြောင့် သူ့အမေနဲ့အတူ သွေးနှောနတ်ဘုရားတွေကို လေ့ကျင့်ပေးတဲ့စခန်းဆီကို ပြေးရပါတော့တယ်။ အဲဒီစခန်းကိုရောက်ဖို့ မိစ္ဆာတွေလက်က လွတ်အောင်ပြေးရင်း စခန်းထဲကနေ ဘာတွေကို ဆက်ရင်ဆိုင်ရမလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။ (အပတ်စဉ်ထွက်ရှိမှာဖြစ်ပြီး အပိုင်း ၈ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open