တစ်နေ့မှာတော့ ဗီးဂတ်စ်မြို့မှာ သူတို့လေးယောက်ဟာ မြင်းသည်တော်လေးဦးအဖြစ် ပွဲဦးထွက်လာကြပြီး နေရာခုန်ကူးစက်နဲ့ ပရိသတ်တွေရှေ့မှာတင် ဘဏ်ဖောက်ပြပြီး ယူရို ၃ သန်း စွန့်ကြဲခဲ့ပါတယ်
မျက်လှည့်ပြပွဲဆိုပေမဲ့ ဘဏ်က တကယ်အဖောက်ခံလိုက်ရတာကြောင့် အက်ဖ်ဘီအိုင်တွေကလည်း မနေသာတော့ဘဲ မြင်းသည်တော်လေးဦးကို ဖမ်းဆီးပြီး စုံစမ်းမေးမြန်းကြတဲ့အခါမှာ ဒါဟာ သာမန်မျက်လှည့်ပြကွက်တစ်ခုလား မှော်ပညာအစစ်လား သူတို့ကရော ဘာလို့ဒီလိုလုပ်ခဲ့ကြတာလဲ ဒါတွေက သာမန်တိုက်ဆိုင်မှုတစ်ခုရော ဟုတ်ရဲ့လား အက်ဖ်ဘီအိုင်တွေကရော ဘယ်လိုဖော်ထုတ်သွားမလဲ မြင်းသည်တော်လေးဦးကရော ဘာတွေဆက်လုပ်ပြသွားမလဲဆိုတာကို လှည့်ကွက်မြှုပ်ကွက်များစွာနဲ့ ရိုက်ကူးပြထားလို့ မျက်တောင်မခတ်တမ်းကြည့်ရှုသွားရမဲ့ ကားကောင်းလေးဖြစ်ပါတယ်။