ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ်
ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး
ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့...
br> မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တဝါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်...
ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့ မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာ အာမခံပါတယ်
ဇတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ မြူးမြူးကြွကြွ နဲ့ ဇတ်ကားပုံစံ ကို ပိုပြီး အသက်ဝင်စေပါတယ်...
ကျနော်ကတော့ ဒီလောက်ပဲ ညွှန်းမယ်ဗျာ