သို့သော်လည်း ဟွာအီရဲ့အဖေတွေဟာ ဒုစရိုက်မှုတွေနဲ့အသက်ဝမ်းကြောင်းပြုသူတွေဖြစ်ကြပြီး ရက်စက်ခက်ထန်တဲ့လူကြမ်းတွေဖြစ်ကြပါတယ် ဟွာအီရဲ့ပင်ကိုယ်အကျင့်စရိုက်ဟာ ဒီပတ်ဝန်းကျင်မှာ ဘယ်တော့မှ အံဝင်ဂွင်ကျမဖြစ်ခဲ့ပါဘူး သို့သော်လည်း ကြိုးစားနေထိုင်ရင်း တစ်နေ့မှာ လူသတ်မှုတစ်ခုကို သူကိုယ်တိုင်ပါဝင်မိသွားတဲ့အချိန်မှာတော့ သူ့ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပါတော့တယ် လူလိမ္မာကောင်လေးတစ်ယောက်ဟာ မကောင်းဆိုးဝါးအသွင် ကူးပြောင်းစပြုလာချိန်မှာတော့ ဘယ်လိုတွေ အဖြစ်အပျက်တွေကြုံတွေ့ရမလဲဆိုတာကို သနားဖွယ်ရာ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဟွာအီအဖြစ် ပရိသတ်များနှင့် ကလေးသရုပ်ဆောင်ဘဝကတည်းက ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Yeo Jin Goo သရုပ်ဆောင်ထားပြီး တခြားသော ဝါရင့်သရုပ်ဆောင်မင်းသားကြီးများ ပါဝင်ထားပါတယ်။