⭐️6.5
သရုပ်မှန်ကို မသိနိုင်တဲ့ ပါဆယ်ထုပ်တစ်ထုပ် ရောက်လာပြီးနောက်မှာ လူတော်တော်များများကနားမလည်နိုင်တဲ့ အပြုအမူတွေကို လုပ်ပြီးတော့ အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားကြတဲ့အမှုတွေ ဆက်တိုက် ဖြစ်ပွားလာနေပါတယ်။ ပါဆယ်ထုပ်ထဲမှာတော့ ပိတ်စတစ်စအပြင် တခြားသဲလွန်စ
တစ်စုံတစ်ရာလေးတောင် မတွေ့ရှိရပါဘူး။ ဒါကြောင့် ဒီကွင်းဆက်သေကြောင်းကြံမှုရဲ့ ပဟေဠိကိုအဖြေရှာဖို့အတွက် သေလူတွေကို မြင်နိုင်တဲ့ အပနှင်သီလရှင် ထာလီအာ (Stephanie Lee) ကစုံထောက်တစ်ဦးနဲ့အတူ အမှုအကြောင်း လိုက်လံ စုံစမ်းတဲ့အခါမှာတော့…တကယ်ပဲ ပါဆယ်ထုပ်ထဲက ပိတ်စမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေတာဖြစ်မလဲ….သီလရှင် ထာလီအာနဲ့ စုံထောက်တို့ကလည်း အမှုကို စုံစမ်းရင်း ဘယ်လို နက်နဲဆန်းကြယ်တဲ့ ကိစ္စတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး…