ဝတ္ထုတစ်ပုဒ်က လက်ရှိကမ္ဘာကို ပြောင်းလဲနိုင်သလား ဇာတ်လမ်းအကြောင်းအရာလေးကတော့…
ကွမ်နင်ဟာ သူ့မှာရှိသမျှအရာအားလုံးကို ရင်းပြီး ပျောက်သွားတဲ့ သမီးဖြစ်သူကို ခြောက်နှစ်လုံးလုံး လိုက်ရှာနေသူတစ်ယောက်ပါ တစ်နေ့မှာ ထူလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သမီးကို ရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ် ဒါပေမဲ့ ပြန်ပေးရမဲ့တန်ကြေးကတော့ “နတ်ဘုရားသုတ်သင်သူ” ဆိုတဲ့ ဝတ္ထုကိုရေးသားတဲ့ လုခုံဝမ်ကို သတ်ပေးရမှာပါ သတ်ရမှာလွယ်မယ်လို့ ထင်ထားပေမဲ့လည်း “နတ်ဘုရားသုတ်သင်သူ” ဝတ္ထုက လက်ရှိကမ္ဘာနဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အခါ ဘယ်လိုမထင်မှတ်ထားမှုတွေက ကွမ်နင်ကို စောင့်ကြိုနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ