Ad P1
Ad P2

Bloody Escape: Bats Out of Hell (2024)

Premium By Shine Design With Shroff Templates
Poster
⭐️6.9


ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Anime ကိုမှ Sci-fi ဆန်ဆန်ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် Bloody escape ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ အနာဂတ်မှာ လူသားမျိုးနွယ်တွေဟာ ရှင်သန်နိုင်ဖို့ခဲယဉ်းလာပါတယ် ဒါကြောင့်မို့ လူသားတွေ ရှင်သန်နိုင်ဖို့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲရင်း ပုံပန်းသဏ္ဍာန်တွေပါ ပြောင်းလဲလာပြီး အစုအဝေးဆိုတဲ့နေရာတွေတည်ထောင်ပြီး နေထိုင်လာကြပါတယ် အဲ့မှာ Kisaragi ဆိုတဲ့သူဟာ တိုကျိုအစုအဝေးမှာ ယာကူဇာတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တွေဆီ ပြေးလာရပြီး သွေးစုပ်ဖုတ်ကောင်တစ်ပိုင်း စက်ရုပ်တစ်ပိုင်းဖြစ်သွားပါတော့တယ် ဒါပေမယ့် သူ့သွေးဟာ သွေးစုပ်ဖုတ်ကောင်တွေကို သေစေနိုင်တဲ့အစွမ်းရရှိသွားတဲ့အပြင် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဟာလည်း သူ့ကို ခြိမ်းခြောက်မှုလို့မြင်လာတဲ့အတွက် အဲ့ကနေ ထွက်ပြေးပြီး တိုကျိုအဖွဲ့အစည်းဆီပြန်ရောက်လာတဲ့အခါမှာတော့ သူ အရင်ကသတ်ခဲ့တဲ့ယာကူဇာဂိုဏ်းက သူ့ကို ပြန်လက်စားချေဖို့ကြိုးစားပါတော့ပါတယ်။ အစုအဝေးတွေကို ထိန်းချုပ်ထားတဲ့ Oodeo ရဲတိုက်ကလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့အားနည်းချက်ဖြစ်တဲ့ Kisaragi ကို အလိုရှိနေပါတယ် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကလည်း အဲ့အားနည်းချက် ရန်သူတွေဆီ မပါသွားဖို့အတွက် တိုကျိုအစုအဝေးကို လာရောက်တိုက်ခိုက်ဖို့ပြင်ပါတော့တယ်။ ဒီလိုနဲ့ Kisaragi တစ်ယောက် ဒီလိုအခြေအနေတွေကလည်း ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ အတိတ်က ကျူးလွန်ခဲ့မိတဲ့ လူသတ်မှုတွေရဲ့အကြောင်းရင်းကရောဘာလဲ တိုကျိုမှာကော သူ့ရဲ့အတိတ်က ပေါင်းခဲ့တဲ့သူငယ်ချင်းနဲ့ပြန်တွေ့ပြီး ဘာတွေဖြစ်မလဲ စတာတွေကို သိပ္ပံကားကိုမှ စိတ်ကူးယဉ်ဆန်ဆန် ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလေးက ဇာတ်လမ်းဇာတ်ကွက်တွေကို မစဉ်းစားချင်သူတွေအတွက်တောင် သိပ္ပံဇာတ်လမ်းဖြစ်တဲ့အတွက် အတိုက်အခိုက်တွေကို ကြည့်ရတာနဲ့တင် အရသာရှိနေမယ့်ဇာတ်ကာားလေးမို့ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်...။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open