Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။
IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်း အညွှန်းပြောရရင် ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သင်္ဘောပုံစံတူငယ်ကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။
ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့ ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ်