ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန် အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီ ဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့် ထားတာဖြစ်ပါ တယ်။ မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီး ထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ် ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကို သတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ် တွေ ပျက်ခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက် စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းက နေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စ တန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ဆောင်ဖို့ ဖြစ်ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေ အပေါ်မှာ အခဲမကျေသေးတဲ့ ရ က်ပ်ဟာ အထူးစစ်ဆင်ရေးထဲ ပါ နေပေမယ့်လည်း သူ့ ချစ်သူ လက်စားချေနိုင်ရေးအတွက် အကြမ်းဖက် အဖွဲ့ တွေအကြောင်း ဆက်ပြီးစုံစမ်းနေခဲ့ပါတယ်။ ဒီလိုနဲ့ စီအိုင်အေလျှို့ဝှက် စစ်ဆင်ရေးအဖွဲ့ဟာ စစ်ဘက် နဲ့ အရပ်ဘက်ကို ပစ်မှတ်ထား လှုပ် ရှားမယ့်
အကြမ်းဖက်မှုတွေကို စုံ စမ်းခဲ့ပြီး အိုင်ရင်း၊ ဟာလေနဲ့ ရက်ပ်တို့သုံးယောက်ဟာ တူရကီ အေးဂျင့်အန်နီကာနဲ့ ပူးပေါင်းကာ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယား လက်နက်သုံးပြီး ကမ္ဘာစစ်ဖြစ်ပွားစေမယ့် အကြံ အစည် ကို တားဆီးနိုင်ရေး ကြိုး ပမ်းခဲ့ကြရပါတယ်...
အဖျက်လုပ်ရပ်တွေကို တား ဆီးနိုင်ဖို့ ၄၈ နာရီသာရ တော့ချိန် မှာ ရက်ပ်တို့တစ်တွေ ဘယ်လို စစ်ဆင်ရေး တွေနဲ့ တားဆီးမှာလဲ ဆိုတာ အမှန်အကန် အက်ရှင်
ဇာတ်ကွက်တွေနဲ့အတူ ဆက် ကြည့်ရအောင်လို့ ညွှန်း လိုက် ပါတယ်။