Ad P1
Ad P2

Shin Godzilla (2016)

Premium By Shine Design With Shroff Templates
Poster
⭐️6.9


ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့် လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။

ဒီကားလေးရဲ့အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။

ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့ Shinji Higuchi တို့နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။

IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။

ဒီဇတ်ကားရဲ့ အကြောင်းက ဂေါ်ဇီလာကြီး မြို့ထဲဝင်လာတယ်ပေါ့ (Overtine ကြော်ငြာမဟုတ်ပါ) ဂျပန်နိုင်ငံထဲကို မြစ်ထဲက ဂေါ်ဇီလာ တက်လာတာကနေဇတ်လမ်းအပျိုးထားပါတယ်။ ဂေါ်ဇီလာအဆင့်ဆင့်ပြောင်းလဲ ပုံကို animation ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်။ တော်တော်မိုက်တယ်ဂေါ်ဇီလာ ရေထဲကနေ ကုန်းပေါ်တက်လာတယ့် အချိန်မှာ ကုန်ပေါ်မှာ ဘယ်လိုတွေပြောင်းလဲသွားတယ်ဆိုတာ သဘာဝဆန်ဆန် စဉ်းစားပြီးရိုက်ထားတာပါ။ ဂေါ်ဇီလာရဲ့ ဇီဝစရိုက် သဘာဝတွေကိုပါ တစ်ဆင့်ခြင်းပြထားတာတွေ့ရပါတယ်။အပြင်မှာ ဂေါ်ဇီလာတစ်ကယ်ရှိခဲ့လားမသိပေမယ့် ဒီထဲမှာတော့ သက်ရှိ ဂေါ်ဇီလာ တစ်ကောင်အလားတွေ့ရပါတယ်။ ဂေါ်ဇီလာဝင်လာတော့ ဂျပန်နိုင်ငံ ရဲ့စနစ်ကျတယ့် အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရေးအစီစဉ်တွေ ကို စည်းစနစ်တစ်ကျ လုပ်ဆောင်သွားတာတွေ့ရပါတယ်။ သဘာဝကပ်ဘေး တွေ့တာနဲ့ချက်ချင်း အစိုးရတာဝန်ယူထားတယ့် လူကြီးပိုင်း တွေ ကိုယ်တွယ်ဖြေရှင်းပုံအဆင့်ဆင့်က အားရကျေနပ်စရာတကယ်ကောင်းပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ဆိုးကျိုးက ဂျပန်နိုင်ငံကို အခုထိအောင်ရိုက်ခိုက်နေပြီးနိုင်ငံရဲ့ စစ်တပ်အင်အားကို လိုသလိုသုံးခွင့်မရတယ့်အကျိုးဆက်တွေ ကိုလဲ မီးမှောင်းထိုးပြထားပါတယ်။နောက်ဆုံး ဂျပန်မဟာမိတ် ဖြစ်တယ့် အမေရိကန်ကို အကူညီလှမ်းတောင်းရပါတယ်။ အဲ့ဒီမှာ ပြည်ပကိုအားမကိုးဘဲ ကိုယ်အားကိုယ်ကိုးပြီး လုပ်ချင်တယ့် ဘုကလန့် အစိုးရအရာရှိတစ်ယောက်က စပြီးဖောက်ထွက်ဖို့လုပ်ပါတယ်။ သူက အစိုးရဝန်ကြီးဌာနတွေ က ကြောင်တောင်တောင် ၊ထူူးထူးဆန်းဆန်း ၊ ထူးခြားတယ့်ပင်ကိုယ်စရိုက် ရှိတယ့် သူတွေ ကိုစုလိုက်ပြီး အဖွဲ့တစ်ခုဖွဲ့ပြီး ဂေါ်ဇီလာကို ပြန်တိုက်ဖို့စီမံကိန်း စလုပ်ပါတယ်။ ဘယ်လိုမှလုပ်လို့မရ ဝန်ကြီး ချုပ်အစိုးရအဖွဲ့တွေအားလုံးသေသွား ကုလသမဂ္ဂ ဦးဆောင်တယ့် နိုင်ငံတကာ အဖွဲ့တွေကတစ်ယောက်တစ်ပေါက် ဝိုင်း ဆေးထိုးကြတယ်။ နောက်ဆုံး ဘယ်လိုမှမတက်နိုင်တယ့် အဆုံး တိုကျိုကို နူဗုံးကျဲချဖို့သဘောတူလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ လူထူးခြားတွေ စုထားတယ့် အဖွဲ့က တန်ပြန်တိုက်ဖို့အစီစဉ်ဘယ်လိုတွေ လုပ်ပြီး ၊ ဂေါ်ဇီလာကြီးကိုရောရပ်တန့်နိုင်မှလား တိုကျိုပြာကျသွားမှလားဆိုတာ ဇတ်ကားထဲမှာ အားလုံးကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။

ဒီကားက ၁၉၉၅ တုန်းကရိုက်ခဲ့တယ့် အင်္ဂလိပ် ဂေါ်ဇီလာကားလိုဘဲ ငွေကြေးအကုန်အကျ အများကြီးသုံးပြီ ရိုက်ခဲ့တာပါ။ Animation သုံးထားပုံတွေ ကလည်းကောင်းပါတယ်၊ ဝေဖန်ရေးဆရာတွေကတော့ animation တွေအရမ်းသုံးထားပြီးကြည့်လို့ကောင်းတယ့် ဇတ်ကားပေမယ့် ဇာတ်လမ်းပိုင်းမှာတော့ အမေရိကန်တစ်ယောက်ထက် ဂျပန်တစ်ယောက် ပိုပြီးခံစားတက်လိမ့်မယ်လို့ရေးထားခဲ့ပါတယ်။ တစ်ခြား ဂျပန်ကားတော်တော်များများက အခုတီဗီမှာလာနေတယ့် ဂျပန်ဇတ်လမ်းတွဲတွေ ကခံစားလို့မရတာများပါတယ် တစ်ခြားဟာတွေ အားလုံးကောင်းပြီး ဇတ်လမ်းပိုင်းက over ဖြစ်သလိုလို တွေ တော့ရှိပါတယ်။ ဒီကားမှာတော့ အလိုတွေ သိပ်မတွေ့ရပါဘူး။

ဒီကားကို ဂျပန်နိုင်ငံမှာ promotion လုပ်တော့ ကြော်ငြာ ပိုစတာက ၃၈၉ပေရှည်အောင်လုပ်ထားခဲ့ပါတယ်။ ခြုံပြီးပြောရရင် ဒီကားကကြည့်လို့ ကောင်းတယ့်ကားထဲမှာပါပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open