Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေ မှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။
ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။
ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့ မသေ ခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာ ပါ။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါ ဘူး..ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့ လို့ပါ။
ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခု လုံးက မထောက်ပံ့နိုင်အောင် C ဆိုသူမှ ဝင်ရှုပ်နေပါ တယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင် ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက် မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။
ဝင်ငွေတွေလဲ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ခံစား အားပေးကြပါဦး။
(ကျွန်တော်တို့ရဲ့ မမကြီး Monica Bellucci ဟာ ဒီကား နဲ့ Bond Girl ဖြစ်လာခဲ့ပြီး ဒီအချက်ကိုတော့ အားအရ ဆုံးပါပဲ...ဤကားစကားချပ်။)