ဒီကားလေးအတွက် ရှောင်းကျန့်ဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး... သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့...
သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲ
ဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး... ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးက ကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့...
ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့်...
နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး... ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့...
ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့...
မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့.... ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ်...
တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့...
ဒီလို ခင်မင်ရင်းနီးလာရာကနေ အားလုံးသိတဲ့ ကောကျင့်ကနေ ကျင့်ကိုကိုဖြစ်လာပြီး ဟွမ်ရုံကလည်း ရုံအာဖြစ်လာတာပေါ့... မငြိမ်သက်တဲ့ သိုင်းလောကကြောင့် သူတို့နှစ်ဦး နီးစပ်ခဲ့သလို ဒီသိုင်းလောကကြောင့်လည်း သူတို့နှစ်ဦး ဝေးခဲ့ရတယ်...
အကြောင်းကတော့ မက်မွန်ကျွန်းအရှင် အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်က ကျန်းနန်လူထူးလူဆန်း ၇ ဖော်ကို သတ်လိုက်တယ်ဆိုတဲ့ ကောလဟလ သတင်းကြောင့်ပါပဲ...
ဒီတော့ ဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ပါ့မလား... နောက်ပြီး ကောကျင့်ကရော သူဆန္ဒအတိုင်း ပြည်သူကို ကာကွယ်နိုင်တဲ့ သိုင်းပညာရှင် သူရဲကောင်းဖြစ်လာမှာလား... ဒီလိုမျိုးမငြိမ်သက်တဲ့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေးပန်းတွေ ပွင့်ဖို့ ဘာတွေပေးဆပ်ပြီး ဘာတွေကို ကျော်ဖြတ်ရဦးမှာလဲ...
ဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်