ဒီကားလေးဟာ 1983 ကာလကို အခြေခံရိုက်ကူးထား တာ ဖြစ်ပြီး Spoiler မပါတဲ့ ဇာတ်လမ်း အကျဉ်း အနေ နဲ့ကတော့ Rini ရဲ့ မိခင်ဟာ တစ်ချိန်က နာမည်ရ အဆိုတော် တစ်ယောက်ပါ။ သူမတို့မိသားစုလေးဟာ မြို့ပြနဲ့အလှမ်းဝေးတဲ့ မြို့စွန် တစ်နေရာက အဖွား အိမ်မှာနေကြရင်း မကျန်းမာတဲ့ မိခင်ကို ပြုစုနေထိုင်ကြ ပါတယ်။ 21 နှစ်အရွယ် Rini ဟာ အကြီးပီပီ ကောလိပ် မှ ရပ်နားပြီး အိမ်မှာ မောင်ငယ် ၃ ယောက်နဲ့ မိခင်ကို ပြုစုရင်း မိသားစုအတွက် အနစ်နာ ခံခဲ့ပါတယ်။
သူမ မိခင်ဟာ ဖျားနာ နေတာ ၃ နှစ်ကျော် ကြာပြီဖြစ်ပြီး မည်သည့် ရောဂါ ကြောင့်ဆိုတာကိုလည်း ဆရာဝန်များ က ရှာဖွေလို့မတွေ့နိုင်ကြပါဘူး။ မိခင် မသေဆုံးမီ အချိန်မှာ သူမ မိခင် ရဲ့ ကြောက်ရွံ့နေတဲ့ ထူးဆန်း တဲ့ အပြုအမူတွေကို Rini တို့တွေ့ခဲ့ရပါတယ်။ ဒီလို နဲ့ တစ်ညမှာ သူမ မိခင်ဟာ ထူးဆန်းဖွယ်ရာ ရုတ်တရက် ဆုံးပါးသွားပြီးနောက် သူမ ဖခင်ဟာလည်း မိသားစု အကြွေးတွေအတွက် အလုပ်လုပ်ဖို့ မြို့ပြကို ထွက် ခွာသွားပါတယ်။
ဒီလိုနဲ့နောက်ရက်တွေမှာ အိမ်မှာ ထူးဆန်းကြောက်ရွံ့ ဘွယ်ရာ တွေ တစ်ဖြေးဖြေး ဖြစ်လာပြီး ရွာက ဆရာတော် ရဲ့ သားကလည်း သူမ တို့အိမ်အပေါ်မှာ ဆုံးသွားပြီ ဖြစ်တဲ့ Rini ရဲ့ မိခင်ကို ဂါဝန်ဖြူ ခေါင်းပေါင်းဖြူတွေနဲ့ တွေ့ရလို့ ဒီအိမ်က နေ ထွက်သွားကြဖို့ သတိပေးခဲ့ပေမယ့် မိသားစု ပြဿနာများနဲ့ Rini က မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ ပါ တယ်...
ဒီလိုနဲ့ ထိုနေ့မှာဘဲ Rini စကားပြောအပြီး ပြန်အ ရောက်မှာ ရေတွင်းထဲမှာ သေဆုံးနေတဲ့ သူမရဲ့ အဖွားကို တွေ့ခဲ့ရပြီး သူမ အဖွားမသေဆုံးမီအချိန်မှာ အဖွားရဲ့ အသိ လူတစ်ယောက်ဆီကို စာရေးထားခဲ့ပါတယ်။ ထိုစာ ကို Rini ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားပို့ စဉ်မှာ မ ထင်မှတ်ထားတဲ့ သူမ မိခင် အကြောင်း နဲ့သူမ တို့ကို သေရွာကို နတ်ဆိုးမှ လာခေါ်မယ်ဆိုတာကို ထို လူဆီ မှ Rini ကြားလိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူမ မ ယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ ပါတယ်။
အံ့ဩသင့်မှု့တွေနဲ့မယုံနိုင်တဲ့ Rini တစ်ယောက် ထို ကိစ္စကို ကြားအပြီး သူမရဲ့ အိမ်မှာ အရင်ကထက် ပို ဆိုးတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။
ထို လူပြောတာတွေက အမှန်တွေလား။ ညတိုင်း သူမ တို့ကို လာခြောက်လှန့်နေတာကရော သူမ မိခင် ရဲ့ တစ္ဆေလား။
သူမမိခင်ဆိုရင် ဒီလောက်ထိ ဆိုးရွားတဲ့အရာကို သူမ သားသမီးတွေဆီမှာ ဘာကြောင့် လုပ်ရတာလဲ။ ထူးဆန်းတဲ့ လူကြီးပြောတာတွေက အမှန်တွေဆိုရင် သူမ တို့ဘယ်လိုဖြစ်ကြမလဲ...
ဒီကားလေးဟာ IMDb မှာ 8.2/10 ရထားတဲ့အထိRating များတဲ့ အင်ဒိုနီးရှားကားဖြစ်ပြီး ရိုက်ကူးချက် တွေဟာလည်း အင်မတန် လှပပြီး ဆွဲဆောင်မှု့ရှိလှပါ တယ်။ ခေတ်ဟောင်းကားပုံစံလေးတွေ ကြိုက်တဲ့သူတွေ အတွက် မဖြစ်မနေကြည့်သင့်တဲ့ ကားလေးပါ။ တစ်ခန်းမှကိုအနားမနေရဘဲ ရင်တထိတ်ထိတ်ကြည့်နေရတဲ့ကားပါ။
ကျွန်တော်ရေးသွားတဲ့အထဲမှာ ကားရဲ့ Spoiler က 100 မှာ ၃ ခုလောက်သာဖြစ်ပြီးအင်မတန် ကြောက်ရွံ့ဖို့ကောင်းတဲ့ သင်မမျှော်လင့်ထားတာတွေနဲ့ပြည့်နေတဲ့ကားပါ။
ဒီကားရဲ့ အားသာချက် တစ်ခုက တခြားသရဲ တစ္ဆေကား များလို အိပ်မက်ယောင်ယောင် ဖြစ်သွားသလို မလုပ် ထားဘဲ အဖြစ်အပျက်တစ်ခုလုံးကို တကယ့်ဖြစ်ရပ် အမှန်အဖြစ် ပုံဖော်ထားခြင်းပါ။ ထို့အပြင် အာရှဓလေ့ ပါဝင်တဲ့အတွက် အာရှသားများအတွက် ဒီဓလေ့ ထုံးစံ တွေနဲ့ပိုရင်းနှီးပြီး ပိုကြောက်စရာ ကောင်းနေတာပါ။ ဘယ်လောက်တောင်အောင်မြင်သလဲဆိုရင် အင်ဒိုနီးရှား မှာတင် ဝင်ငွေ ငါးသန်းကျော်ရတဲ့အထိ ပါ။
(ဇာတ်လမ်းအညွှန်း Credit ပါ ဘယ်သူရေးထားမှန်းမ သိလို့ပါ ဘာသာပြန်သူကတော့ မေမြတ်သူပါ)