ဟိုးရှေးရှေးတုန်းက အက်စတိုရီးယန်းဆိုတဲ့ တိုင်းပြည်ကြီးမှာ ဘုရင်ကြီးဗစ်တာဆိုပြီး ရှိခဲ့ပါတယ်။ မိဖုရားကြီးက မင်းသမီးလေး ဟယ်လီကို မွေးဖွားပြီးတဲ့အခါမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉ နှစ်သမီး အရွယ် ရောက်လာခဲ့တဲ့ မင်းသမီးလေးဟာ နန်းတော်ထဲမှာချည်းပဲ နေနေရတာ မကြိုက်သူမို့ ရုပ်ဖျက်ပြီး နန်းတော်ပြင်ကို တိတ်တိတ်လေး ခိုးထွက်လေ့ရှိပါတယ်။
တစ်နေ့ကျတော့ ဘုရင်ကြီးဟာ နောက်မိဖုရား မြှောက်ဖို့အတွက် စီစဉ်ပါတော့တယ်။ အဲဒီတော်ဝင်မင်္ဂလာပွဲ နေ့မှာပဲ မှင်စာတွေက သူတို့နန်းတွင်းထဲထိ ရောက်လာတိုက်ခိုက်ပြီးတော့ ဘုရင်ကြီးကို ဖမ်းခေါ်သွားပါတယ်။
မင်းသမီးလေးက ပွဲအတွက် ပျော်တော်ဆက်ဖို့ ရောက်နေတဲ့ လူရွှင်တော် ကောင်လေး ဟင်နရီ နဲ့ အတူ မှင်စာတွေ လက်ထဲကနေ လွတ်အောင် ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်ရင်း ဟင်နရီတို့ ရွာကို လိုက်သွားခဲ့တဲ့ မင်းသမီးလေး ဟယ်လီဟာ မင်းသမီးသရုပ်မှန်ကို ဖုံးကွယ်ရင်း မှင်စာတွေကို ဘယ်လို ပြန်ပြီး လက်တုံ့ပြန် တိုက်ခိုက်မလဲဆိုတာကိုတော့ အိပ်ရာဝင်ပုံပြင်လေး တစ်ခုလို ရိုက်ကူးတင်ဆက်ပြထားပါတယ်။