Woodwalkerတွေဟာ လူသားအသွင်လည်းပြောင်းနိုင်သလို တိရိစ္ဆာန်အသွင်လည်းပြောင်းနိုင်တာမို့ သူတို့ဟာ လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားက မျှခြေကို ထိန်းသိမ်းပေးနေတဲ့လူတွေလို့ပြောလို့ရတယ်။
တစ်နိုင်ငံလုံးမှာ တကွဲတပြားဖြစ်နေပြီး လူသားတွေနဲ့ သဟဇာတမဖြစ်နေတဲ့ Woodwalkerတွေကို လေ့ကျင့်ပေးဖို့ ကလီးယားဝါးတားလို့ခေါ်တဲ့ကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီကျောင်းမှာ တောင်ခြင်္သေ့ကနေ လူသားအသွင်ပြောင်ထားတဲ့ Woodwalkerဖြစ်တဲ့ ကောင်လေး သူငယ်ချင်းအသစ်တွေရလာသလို လူသားတွေကို ဖျက်ဆီးချင်တဲ့ Woodwalkerတွေကို တားရတာတွေကို ရိုက်ပြထားတယ်။
ဟယ်ရီပေါ်တာတို့ဘာတို့လို မတူတဲ့ကမ္ဘာတစ်ခုကိုရိုက်ပြထားတဲ့ Fantasy ကားဆိုတော့ လူငယ်တွေတော်တော်များများကြိုက်မယ့်ပုံစံပါပဲ။ Friendship တွေ ဘာတွေကိုလည်း အသားပေးထားတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)