ဒီဇာတ်လမ်းထဲမှာတော့ ကမ္ဘာပျက်ကပ်ဆိုက်တဲ့အချိန်မှာ အထူးစစ်တပ်သားတချို့ ရုတ်တရက်အမည်မသိနေရာတစ်ခုကို ပြန်ပေးဆွဲခံရာကနေဇာတ်လမ်းကို အခြေခံထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ကယ်လီလို့ခေါ်တဲ့ အမေရိကန်အထူးစစ်သားနဲ့ သူ့တပ်ခွဲစုဟာ ရုရှားနဲ့စစ်ဖြစ်ရင်း ရှေ့တန်းကိုရောက်နေခဲ့တာပါ။
ဒါပေမဲ့ ရုတ်ချည်းဆိုသလို အလင်းတန်းကြီးတစ်ခုက သူတို့ကိုကောင်းကင်ပေါ်ကို ဆွဲစုပ်သွားပြီး အားလုံးသတိမေ့သွားကြပါတယ်။
နိုးလာတဲ့အချိန်မှာ ဘယ်သူမှမသိတဲ့ အလုံပိတ်နေရာတစ်ခုကိုရောက်သွားကြပါတယ်။
အစပိုင်းမှာတော့ ကောင်းကင်ပေါ်ကို စုပ်ယူခံလိုက်ရတာဆိုတော့ ခရစ်ယာန်တို့ရဲ့ကျမ်းစာထဲမှာ အနာဂတ်ဟောကိန်းထုတ်ထားတဲ့အတိုင်း rapture ဆိုတဲ့ (ကောင်းကင်ပေါ်သို့)ချီဆောင်ခြင်း ခံရတာလား..?
ပတ်ဝန်းကျင်ကြည့်ပြန်တော့လည်း အလုံပိတ်နေရာကြီးဖြစ်တဲ့အတွက် ထိပ်တန်းလျှို့ဝှက်ရေအောက်အကျဉ်းထောင်ကိုပဲ ရောက်သွားတာလားဆိုတာ ရေခွဲမရဖြစ်နေကြပါတယ်။
ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ လှည့်ပတ်သွားကြည့်ပြီးကြတဲ့အခါမှာတော့ သူတို့ထင်ထားသလိုမျိုး တစ်ခုမှမဟုတ်တဲ့ ပိုပြီးဆန်းကြယ်တဲ့နေရာတစ်ခုကိုရောက်သွားတာကို သတိထားမိသွားကြပါတယ်။