အင်္ဂလန်ပြည်ရဲ့ အစောဆုံးဟီးရိုးတွေထဲက တစ်ယောက်ပါ..
ရုပ်ရှင်ဇာတ်လမ်းတွေလည်း မျိုးစုံထွက်ခဲ့ပေမဲ့.. အခုထွက်လာတဲ့ ဇာတ်လမ်းကတော့ ရော်ဘင်ဟုဒ်ဘာကြောင့်ဖြစ်လာလဲဆိုတဲ့ ဇာတ်ကောင်သဘာဝနဲ့ အနိမ့်အမြင့်အတက်ကျတွေကို အကောင်းဆုံးသေချာဖော်ညွှန်းထားတယ်
..GOT ထဲကို Batman ဝင်ချနေသလိုခံစားချက်မျိုး ကြည့်ရမှာဖြစ်ပြီး GOT ထဲက နာမည်ကြီး သရုပ်ဆောင်တွေလည်း ပြန်ပါဝင်ထားပါတယ် ...
အင်္ဂလန်ပြည်ကြီးကို ကျူးကျော်သူ ဝီလီယံနဲ့ နော်မန်တွေ သိမ်းပိုက်ပြီးတဲ့အခါ... သီးခြားစီနေကြတဲ့ ဆက်ဆွန်သားတွေဟာ အလိုလိုနေရင်း သူပုန်ဘဝကိုရောက်သွားရတယ်..
တစ်ချို့ဆက်ဆွန်တွေကလည်း နော်မန်ဘုရင်ရဲ့ လက်အောက်ကိုဝင်ခဲ့တယ်..
ဒီထဲမှာ လော့စလီက ဟုဂ်မိသားစုအပါအဝင်ပေါ့..
တစ်နေ့ လော့စလီဟုဂ်တစ်ယောက် သူမကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ချောက်ချပြီး လူမြင်ကွင်းမှာ ကြိုးပေးခံရတဲ့အခါ...
သားဖြစ်သူ ရောဘတ်ရဲ့ ရော်ဘင်ဟုဒ်ဆိုတဲ့ နော်မန်တွေကို ပြန်တိုက်ခိုက်မယ့် သူရဲကောင်းပေါ်လာပါတော့တယ်..