မင်းသား ချင်နာသမ်ဘီနဲ့ သူ့ဇနီးဒီပီကာတို့ ပျော်ရွှင်စွာလက်ထပ်ထားပြီး သားတစ်ယောက်နဲ့ဘဝကိုဖြတ်သန်းနေစဉ် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ် ။ တစ်နေ့ သားဖြစ်သူကျူရှင်ကအပြန်မှာ တောထဲက ကျားပေါက်လေးကို ကြောင်အထင်နဲ့အတင်းခေါ်ယူမွေးစားဖို့ အဖေဖြစ်သူကို တိုက်တွန်းပါတော့တယ်။ တိရစ္ဆာန်တွေကို မချစ်တတ်တဲ့ဇနီးဖြစ်သူ မသိအောင် လျှို့ဝှက်ထားပြီး ကျားလေးကို အိမ်မှာမွေထားခဲ့ပါတယ်။
ဒီပီကာကလည်း သူ့အိမ်ထောင်ဖက်ရဲ့လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းသံသယဝင်လာပြီး နှစ်ဦးကြားမှာ နားလည်မှုလွဲမှုတွေဖြစ်လာပါတယ်။
တစ်ဖက်မှာလည်း တောအုပ်ထိန်းသိမ်းရေးဌာနက အရာရှိတွေကကျားပေါက်လေးပျောက်လို့ အသည်းအသန်လိုက်ရှာနေပါတယ်။
သူတို့ရဲ့စုံစမ်းမှုတွေက ချင်နာသမ်ဘီတို့အိမ်နားရောက်လာတဲ့အခါ ဇာတ်လမ်းရဲ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးကိုရောက်လာပါတော့တယ် ။
တောအုပ်ထဲက ကျားကလေးကို တရားမဝင်ခိုးယူပြီးမွေးထားတာ တောအုပ်အရာရှိတွေသိသွားမလား။
ချင်နာသမ်ဘီရဲ့မိန်းမရော သူ့ရဲ့လျှို့ဝှက်ချက်ကိုသိပြီး ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားပေးကြပါဦး။