Ad P1
Ad P2

Urban Justice (2007)

Premium By Shine Design With Shroff Templates
Poster
⭐️5.1


ဒီဇာတ်ကားကတော့နာမည်ကျော်အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂါလ်(Steven Seagal)ပါဝင်ထားတဲ့ဇတ်ကားပါ။ Eddie Griffin Carmen Serano နဲ့အခြားဇာတ်ရံတွေအများကြီး အားဖြည့်ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Don E. FauntLeRoy ပါ။
သရုပ်ဆောင်ညံ့တယ်လို့ဝေဖန်ကြပေမဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။တေးဂီတလည်းမဆိုးပါဘူး။ကိုယ့်သားကိုသတ်သွားတဲ့သူကိုမရမကလိုက်လက်စားချေတဲ့ အဖေတစ်ယောက်ရဲ့အန္တရာယ်တွေကိုမမှုပဲစိတ်ပိုင်းဖြတ်ထားတာကတော့သဘောကျစရာပါပဲ။
ဇာတ်လမ်းအကျဥ်း
လူလေးစားခံရပြီးတာဝန်သိတဲ့ရဲအရာရှိမက်စ်ဘောလစ်စတာဟာတာဝန်ထမ်းဆောင်ရင်းလော့အိန်ဂျယ်လိစ်မြို့(L.A)လမ်းတစ်လမ်းပေါ်မှာပစ်သတ်ခံလိုက်ရပါတယ်။လူဆိုးဂိုဏ်းတွေအချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေတဲ့ L.Aမှာ မက်စ်ကိုသတ်သွားတဲ့တရားခံကိုရှာတွေ့ဖို့ကမလွယ်ဘူးလို့ သူ့အမှုကိုတာဝန်ယူထားတဲ့စုံထောက်ရှောကပြောပါတယ်။မက်စ်ရဲ့အဖေ ဆိုင်မွန်ဘောလစ်စတာကတော့ဒါကိုလက်မခံဘဲသူ့နည်းသူ့ဟန်နဲ့စုံစမ်းပြီး လူသတ်သမားကိုလိုက်ရှာပါတယ်။
သူ့သားသတ်ခံရတဲ့နေရာနားမှာ အခန်းငှားနေပြီးစုံစမ်းပါတော့တယ်။မက်စ်ရဲ့သတင်းပေးဂယ်ရီမောရစ်ဆင်ဆိုတဲ့လူမည်းကောင်လေးရောက်လာပြီး အခြေအနေတစ်ချို့ကိုပြောပြပေးပါတယ်။စုံစမ်းရင်း၊လိုက်ရင်းနဲ့ ရေလိုက်လွဲနေတာနဲ့ သဲလွန်စအသစ်တွေကိုသိလာပါတယ်။
ဆိုင်မွန်ရဲ့နောက်ကြောင်းကို တိတိပပမသိရပေမဲ့ ထိပ်ထိပ်ကြဲတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး ဂိုဏ်းတွေကြားထဲလာကျယ်ရဲသလိုတစ်ဖက်ကလည်းဆိုင်မွန့်ကိုလက်စဖျောက်ဖို့အသည်းအသန်ကြိုးစားလာပါတယ်။
သစ္စာဖောက်တာတွေ လူလည်ကျတာတွေ မူးယစ်ဆေးရောင်းဝယ်တာတွေနဲ့အညှာအတာမရှိသတ်ဖြတ်တာတွေကြားထဲကနေပဲသူ့သားကိုသတ်သွားတဲ့သူကိုဆိုင်မွန်သိသွားတဲ့အခါ မထင်ထားတဲ့သူဖြစ်နေပြီး သူဘယ်လိုလက်စားချေမယ်ဆိုတာဆက်ကြည့်ကြပါ။
သေနတ်ပစ်ကားတွေသိပ်မကြိုက်တဲ့ကိုယ်တောင်ကြည့်ကောင်းသားပဲလို့မှတ်ချက်ချမိပါတယ်။သူ့သားနဲ့ပတ်သက်ပြီးဆိုင်မွန်ပြောတဲ့စကားလေးတွေကလည်းကဗျာဆန်ပြီး တကယ်ဟတ်ထိပါတယ်။တွေးစရာတွေလည်းရပါတယ်၊ဘာဟတ်ထိလဲသိရအောင် ကြည့်ကြည့်လိုက်ပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open