ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ စကော့တလန်က လူသူဝေးတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး နေထိုင်နေတဲ့ Michael Mason (Statham) ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ။
သူက အရင်က အစိုးရရဲ့ ထိပ်တန်းလူ-တ်သမားဟောင်းတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုကြောင့် ဒုက္ခရောက်နေတဲ့ ဂျက်ဆီဆိုတဲ့ ကောင်မလေးကို သူက ကယ်တင်လိုက်မိရာကနေ ဇာတ်လမ်းက စတာပါပဲ။
ဒီလို ကယ်တင်လိုက်ရာကနေ သူ့ရဲ့ တည်နေရာကို ရန်သူတွေ သိသွားပြီးနောက်မှာတော့ မေဆင် တစ်ယောက် ကောင်မလေးကို ကာကွယ်ရင်းနဲ့ သူ့ကို သတ်ဖို့ လိုက်နေတဲ့ MI6 အေးဂျင့်တွေ၊ ကြေးစားတွေနဲ့ တစ်နိုင်ငံလုံး အနှံ့ ပြေးလွှားတိုက်ခိုက်ရပါတော့တယ်။
ဒါရိုက်တာ Ric Roman Waugh (Greenland ဒါရိုက်တာ) က ရိုက်ထားတာဖြစ်လို့ အက်ရှင်ခန်းတွေက ခပ်ကြမ်းကြမ်းနဲ့ ကြည့်ကောင်းပါတယ်။ အထူးသဖြင့် Statham ရဲ့ တိုက်ခိုက်ခန်းတွေက ပရိသတ်အကြိုက် ဖြစ်ဦးမှာပါ။
Jason Statham ရဲ့ အကြမ်းစား အက်ရှင်တွေကို ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားက လက်မလွှတ်သင့်တဲ့ကားပါ။ အထူးအဆန်း မဟုတ်ပေမဲ့ အပန်းဖြေရင်းနဲ့ ကြည့်ဖို့အတွက်တော့ အဆင်ပြေတဲ့ Action Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။