Ad P1
Ad P2

Steal My Heart (2013)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


2013 ခုနှစ်က ထွက်ရှိခဲ့တဲ့ Steal My Heart ဆိုတဲ့ အချစ်ဟာသရုပ်ရှင်လေး'နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အဓိကပါဝင်သရုပ်ဆောင်ထားသူတွေကတော့ The Midnight Studio နဲ့ Yong Pal ထဲက မင်းသား Joo Won နဲ့ 200 Pounds Beauty နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Kim A-Joong တို့ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

တောင်ကိုရီးယားရဲ့ ရာဇဝတ်မှုတွေကို ကောက်ကြောင်းဖော်ပြီး အဖြေရှာတဲ့ ရဲအရာရှိ အီထယ်ဟို (Joo Won) ဟာ ကွင်းဆက် လူသတ်မှုရဲ့ တရားခံကို အစီအစဉ်တကျ ဖမ်းဆီးဖို့ လုပ်ဆောင်နေသူပါ။

တစ်နေ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနေစဉ် မထင်မှတ်ထားဘဲ လူသတ်သမားကို ကားနဲ့ တိုက်ပြေးတဲ့ တရားခံပေါ်လာခဲ့ပါတယ်။ ကံကောင်းတာပဲလား ကံဆိုးတာပဲလားမသိပေမဲ့ အီထယ်ဟိုတစ်ယောက်ကတော့ လူသတ်သမားကို ဖမ်းမိတာက သူ့အရည်အချင်းကြောင့် မဟုတ်ဘဲ ကားတိုက်ပြေးတဲ့ တရားခံ ဝင်ကယ်သွားလို့ဆိုတဲ့ အချက်ကြောင့် ဒေါသတွေထွက်နေခဲ့ရပါတယ်။
ဒါကြောင့် ကားတိုက်ပြေးတဲ့ တရားခံကို ရေဆုံးမြေဆုံး လိုက်ဖမ်းဖို့ အားခဲရင်း ရှာဖွေလိုက်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ကိုထားခဲ့တဲ့ ရည်းစားဟောင်း ယွန်းဂျင်ဆု (Kim A-Joong) က ဖြစ်နေတဲ့အပြင် ထင်ထားသလောက် မရိုးရှင်းတဲ့ ယွန်းဂျင်ဆုက ချစ်စရာရုပ်ရည်လေးအပြင် ခိုးမှုတော်တော်များများနဲ့ ပက်သက်နေသူလည်း ဖြစ်နေပြန်ပါသေးတယ်။

သံယောဇဉ်ကလည်း ကျန်နေတဲ့အပြင် တာဝန်ကလည်း ရှိနေပြန်တော့ အီထယ်ဟိုတစ်ယောက် ဝေခွဲမရဖြစ်ရင်း ကြာလာတာနဲ့အမျှ သူပါပေါင်းပြီး ကြံရာပါ ဖြစ်လာပါတော့တယ်။
တာဝန်ထမ်းဆောင်ရင်းက ရည်းစားဟောင်းလက်ထဲ နှလုံးသားလေး ခိုးယူခံရမှုဖြစ်ရင်း အီထယ်ဟိုရဲ့ ဘဝကြီး ပရမ်းပတာတွေဖြစ်ကုန်တာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့အတွက် အပျင်းပြေကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open