Ad P1
Ad P2

The Wrecking Crew (2026)

Premium By Shine Design With Shroff Templates
Poster
⭐️8.7


Action Comedy ဇာတ်ကားသစ်ကြီးလာပါပြီ။ အက်ရှင်မင်းသားကြီး နှစ်ယောက်ဖြစ်တဲ့ Jason Momoa (Aquaman) နဲ့
Dave Bautista (Drax) တို့ ပူးတွဲသရုပ်ဆောင်ထားတာဆိုတော့ ကြမ်းမှာတော့ သေချာသလောက်ပါပဲ။

ဇာတ်လမ်းအကျဉ်း +++++++++

ဇာတ်လမ်းကတော့ စိတ်သဘောထားချင်း လုံးဝမတိုက်ဆိုင်တဲ့ ဖအေတူ မအေကွဲ ညီအစ်ကိုနှစ်ယောက်အကြောင်းပါ။
အစ်ကိုဖြစ်သူ James (Dave Bautista) က စည်းကမ်းကြီးတဲ့ Navy SEAL တစ်ယောက်ဖြစ်ပြီး၊
ညီဖြစ်သူ Jonny (Jason Momoa) ကတော့ ထင်ရာစိုင်းတတ်တဲ့ ရဲတစ်ယောက်ပေါ့။
သူတို့နှစ်ယောက်က မတည့်ကြလို့ အဆက်အသွယ်ဖြတ်ထားကြတာ ကြာပါပြီ။
ဒါပေမဲ့ ဟာဝိုင်ယီမှာရှိတဲ့ သူတို့အဖေ ထူးထူးဆန်းဆန်း အ-တ်ခံလိုက်ရတဲ့အခါမှာတော့ ဒီအမှုမှန်ကို ဖော်ထုတ်ဖို့အတွက် မလွှဲမရှောင်သာ ပြန်ပေါင်းထုတ်ရပါတော့တယ်။
အဖေဖြစ်သူရဲ့ သေဆုံးမှုနောက်ကွယ်မှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေ၊ Yakuza ဂိုဏ်းသားတွေ ပါဝင်ပတ်သက်နေတာကို သိလိုက်ရတဲ့အခါ...

မတည့်တဲ့ ညီအစ်ကိုနှစ်ယောက် ရန်သတ်ရင်းနဲ့ လူဆိုးတွေကို ဘယ်လို ပညာပေးမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမှာပါ။
ဒါရိုက်တာက Blue Beetle ကို ရိုက်ခဲ့တဲ့သူဆိုတော့ အက်ရှင်ခန်းတွေ၊ တိုက်ခိုက်ခန်းတွေက သေသပ်လှပပါတယ်။
ဟာဝိုင်ယီ ကျွန်းရဲ့ အလှအပတွေနဲ့ Buddy Cop ဇာတ်ကား (ရဲဘော်နှစ်ယောက် တွဲလုပ်ရတဲ့ကား) စတိုင်မျိုး ကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။
ဇာတ်လမ်းကတော့ အရမ်းကြီး ဆန်းပြားနေတာမျိုး မဟုတ်ပေမဲ့၊ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြမ်းကြမ်း၊ ဟာသရွှင်ရွှင် ကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ Popcorn ဇာတ်ကားကောင်း တစ်ကားပါပဲ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open