Ad P1
Ad P2

David (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.7


ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကမှ ထွက်ရှိထားတဲ့ David ဆိုတဲ့ ကာတွန်းဇာတ်ကားသစ်လေး ဖြစ်ပါတယ်။
Angel Studios ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး၊ သမ္မာကျမ်းစာထဲက လူသိများတဲ့ ဒါဝိဒ် (David) ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ Musical Animated ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း ++++++++++

ဇာတ်လမ်းကတော့ သိုးထိန်းလေး ဒါဝိဒ်အကြောင်းကို အဓိကထား ရိုက်ပြထားတာပါ။
ဒါဝိဒ်က သိုးကျောင်းရင်းနဲ့ သိုးတွေကို ရန်ပြုမယ့် ခြင်္သေ့တွေကိုတောင် ရင်ဆိုင်ရဲတဲ့ သတ္တိခဲလေးပေါ့။
တစ်နေ့ကျတော့ ပရောဟိတ်မြူရယ် ရောက်လာပြီး ဒါဝိဒ်ကို အစ္စရေးရဲ့ ဘုရင်လောင်းအဖြစ် ဘိသိက်မြှောက်လိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်း ဘုရင်ဖြစ်တာတော့ မဟုတ်သေးပါဘူး။
လက်ရှိဘုရင် ရှောလု (Saul) စိတ်နှလုံး မကြည်မသာဖြစ်နေချိန်မှာ ဒါဝိဒ်က စောင်းသွားတီးပေးရင်း နန်းတော်နဲ့ ရင်းနှီးလာခဲ့တယ်။ နောက်တော့ ဖိလိတ္တိတွေနဲ့ စစ်ဖြစ်တဲ့အခါ နာမည်ကြီး လူဘီလူးကြီး ဂေါလျက် (Goliath) နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။
လူကောင်သေးပေမဲ့ ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်မှုနဲ့အတူ ဂေါလျက်ကို အနိုင်ယူလိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြဿနာက အဲဒီမှာ မပြီးသွားဘဲ ဘုရင်ရှောလုက ဒါဝိဒ်ကို မနာလိုဖြစ်ပြီး လိုက်သတ်တာတွေ၊ ဒါဝိဒ်က ထွက်ပြေးတိမ်းရှောင်ရတာတွေကိုပါ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Musical အမျိုးအစားဆိုတော့ သီချင်းကောင်းကောင်းလေးတွေလည်း နားဆင်ရမှာဖြစ်သလို၊ Animation အရည်အသွေးကလည်း Disney နဲ့ DreamWorks တို့လို အဆင့်မီမီ ဖန်တီးထားတာဆိုတော့ ရုပ်ထွက်က ရှယ်ပါပဲ။
အက်ရှင်ခန်းတွေ၊ စိတ်လှုပ်ရှားစရာခန်းတွေ ပါဝင်ပေမဲ့ ကလေးလူကြီးမရွေး မိသားစုလိုက် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားသန့်သန့်လေး ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open