Ad P1
Ad P2

Taylor Swift: The Eras Tour - The Final Show (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.6


ဒါကတော့ ၂၀၂၄၊ ဒီဇင်ဘာ ၈ ရက်နေ့က ဗန်ကူးဗားမှာ ဖျော်ဖြေခဲ့တဲ့ The Eras Tour နောက်ဆုံးပွဲကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
တေလာဆွစ်အတွက်ရော၊ တစ်ကမ္ဘာလုံးက သူ့ပရိသတ်တွေ အတွက်ရော နောက်ဆုံး ဇာတ်ခန်းတစ်ခုကို ပိတ်ကားချခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။
The Eras Tour က ပရိသတ်သန်းပေါင်းများစွာ အတွက် ဖျော်ဖြေပွဲ တစ်ခု ဆိုတာထက်ကို ပိုပါတယ်။ နောက်ဆုံးပွဲမှာလည်း မိနစ်နဲ့ချီပြီး အဆက်မပြတ် အော်ဟစ်အားပေးကြတာတွေ၊ ငိုကြ၊ ရယ်ကြ၊ ပျော်ကြတာတွေ အားလုံး ပါဝင်ပါတယ်။
ဒါက တေလာရဲ့ ဂီတသက်တမ်း တစ်လျှောက် ဖြတ်သန်းခဲ့သမျှ အမှတ်တရတွေကို နောက်တစ်ကြိမ် နင်းဖြတ်ရင်း ခံစားချက်တွေ အားလုံးကို အတူဖြတ်သန်းကြတဲ့ ပွဲတစ်ပွဲပါပဲ။
Tour တစ်ခုလုံးက ထူးခြားသလို နောက်ဆုံးပွဲကလည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် လို့ ပြောနိုင်လောက်အောင် ထူးခြားခဲ့ပါတယ်။ ရိုက်ကွင်းရိုက်ကွက်၊ အသံကွာလတီ၊ အလင်းအမှောင် အားလုံး သိပ်ကို ကောင်းလွန်းပါတယ်။ ရှိုးပွဲတစ်ခု ဆိုတာထက်ကို ပိုတဲ့ တကယ့် နောက်ဆုံးပွဲပါပဲ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open