Ad P1
Ad P2

Young Frankenstein (1974)

Premium By Shine Design With Shroff Templates
Poster
⭐️7.9


သရော်တာတွေ ဟာသတွေမှာ ပိုင်နိုင်သလို ရိုက်သမျှကလည်း သရော်တာတွေပဲဖြစ်နေတဲ့ Mel Brooks ရိုက်ထားတာဆိုတော့ ဒီYoung Frankensteinက သရော်ကား ဟာသကားသက်သက်ပဲ။
ဆိုပေမဲ့ classic horror ဖြစ်တဲ့ ဖရန်ကင်စတိန်းကို ဟာသလုပ်ရိုက်ထားတဲ့ ဒီကားက Roger Ebert Rating 4/4 ရထားတယ်။ Rotten Tomatoesတို့ IMdbတို့လည်း ၈တွေ ၉၅တွေ။ ဟာသကားက ဟာသလိုရယ်ရနေလို့ အားလုံးကြိုက်ကြလို့ ဖြစ်နိုင်တယ်။

ဇာတ်ကတော့ ဖရန်ကင်စတိုင်းရဲ့မြေးက သိပ္ပံစစ်စစ်ကိုပဲ ယုံတဲ့သူ။ သူ့အဘိုးကို အရူးလို့မြင်တဲ့လူ။ လူသေကို အသက်သွင်းတယ်ဆိုတာမျိုးတွေ လက်မခံနိင်တဲ့သူ။ တစ်နေ့မှာ သူ့အဘိုးရဲ့ရဲတိုက်ဆီ သွားဖို့အကြောင်းဖန်လာပြီး သူ့အဖိုးရဲ့ လူသေအသက်သွင်းနည်းတွေကို လေ့လာမိသွားပြီး နောက်ထပ် မွန်းစတားတစ်ကောင်ကို အသက်သွင်းမိသွားရာကနေ စတာပါပဲ။
အောက်လုံးတွေရော ဖရန်ကင်စတိန်းဖန်တီးထားတဲ့ မွန်းစတားကြီးရဲ့ လိင်မှုခန်းတွေပါ ထည့်လိုက်သေးတယ်။ တစ်ကားလုံး အကွက်တိုင်းမှာ ငစားတွေချည်းထိုင်လုပ်နေပေမဲ့ တစ်ကားလုံး ရယ်တော့ရယ်နေရတယ်။
မင်းသမီးကလည်း ဆွဲဆောင်မှုအားကောင်းတယ်။ ဖရန်ကင်စတိန်းရဲ့မြေး ဖရန်ကင်စတိန်းနေရာမှာတော့ Memeတွေထဲ အားလုံးမြင်နေကျ ဝီလီဝန်ကာနေရာက သရုပ်ဆောင်ခဲ့တဲ့ Gene Wilderက သရုပ်ဆောင်ပြီး ဇာတ်ညွှန်းပါ ကူထားတယ်။
ဒီကားက ဒါရိုက်တာရော မင်းသားရောရဲ့ Ratingအကောင်းဆုံးကားပဲ။ ဒီလိုကားတွေမှာ တော်တော်ပေါတဲ့ကားဖြစ်သွားဖို့နဲ့ ကားကောင်းဖြစ်သွားဖို့ကြား စည်းက တော်တော်ပါးသလို ပေါတဲ့ကားထွက်လာတာများပေမဲ့ ဒီကားကတော့ တော်တော်ကြည့်ကောင်းတဲ့ကား ဖြစ်သွားတယ်။ ဆက်တိုက်ကို ရယ်ရတယ်ကိုး။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open