Ad P1
Ad P2

The Boy and the Dog (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


ဒီကားလေးကတော့ တစ်ရှူးဘူးလေး ဘေးနား အဆင်သင့်ချပြီးမှ ကြည့်သင့်တဲ့ ကားမျိုးပါ...
ခွေးချစ်သူတွေတင် မကဘူး... ဘဝမှာ အထီးကျန်ဖူးတဲ့သူတိုင်း၊ ဆုံးရှုံးမှုတစ်ခုခုကို ခံစားဖူးတဲ့သူတိုင်း ဒီကားလေးကို ကြည့်ပြီးရင် ရင်ထဲမှာ ဆို့နင့်ပြီး နွေးထွေးသွားမယ့် ခံစားချက်မျိုး ရစေမှာ အသေအချာပါပဲ။
Naoki ဆုရ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသားချော Fumiya Takahashi နဲ့ Nanase Nishino တို့ အဓိကပါဝင်ထားတဲ့ တာမွန်ဆိုတဲ့ ခွေးကလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး ငလျင်နဲ့ ဆူနာမီ ဘေးအန္တရာယ်ကြီး ဖြစ်ပြီးတဲ့နောက် "တာမွန်" ဆိုတဲ့ ခွေးလိမ္မာလေးတစ်ကောင်ဟာ သူ့ရဲ့ သခင်ကို ရှာဖွေဖို့ ခရီးရှည်ကြီးတစ်ခု စတင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ မြောက်ဘက်စွန်းကနေ တောင်ဘက်အရပ်ဆီကို ဦးတည်နေတဲ့ ဒီခရီးလမ်းတစ်လျှောက်မှာ တာမွန်ဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ လူတွေအများကြီးကို တွေ့ဆုံခဲ့ရတာပေါ့။
သူတို့အားလုံးဟာ တာမွန်နဲ့ တွေ့ဆုံချိန်မှာ ခဏတာ စိတ်သက်သာရာရကြ၊ ပြုပြင်ပြောင်းလဲခွင့် ရကြပေမဲ့ တာမွန်ကတော့ ဘယ်သူ့ဆီမှာမှ ကြာကြာမနေပါဘူး။ ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ "သခင်ဆီ ပြန်သွားမယ်" ဆိုတဲ့ သစ္စာတရားတစ်ခုတည်း ရှိနေလို့ပါပဲ။
မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ ခရီးလမ်းဆုံးမှာ တာမွန်တစ်ယောက် သခင်လေးနဲ့ ပြန်ဆုံခွင့်ရပါ့မလား...
အဲဒီအဆုံးသတ်မှာ ပရိသတ်တွေကို ဘယ်လို မျက်ရည်လည်အောင် လုပ်ဦးမလဲဆိုတာ...
လူတွေကသာ တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်ကြ စွန့်ပစ်ကြပေမဲ့ ခွေးလေးတစ်ကောင်ရဲ့ သံယောဇဉ်က ဘယ်လောက်တောင် ကြီးမားခိုင်မြဲဖြူစင်လဲဆိုတာကို ရင်ထဲထိအောင် ရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်တာမလို့ ခွေးချစ်သူတစ်ယောက်အနေနဲ့ ဒီဇာတ်ကားလေးကို ဆက်ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open