Ad P1
Ad P2

Greyhound (2020)

Premium By Shine Design With Shroff Templates
Poster
⭐️7.4


အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...
ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီး North Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..
ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...
သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်...
.ဘာလို့ဆို ခရီးစဉ်မှာ ရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....
ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်း စစ်မျက်နှာဖွင့်ပါတယ်...
ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....

ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီး Captain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်...
စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီး စက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့ အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့ တာဝန်က ကြီးလွန်းလှပါတယ်...
.ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူး ဝုန်းဂျိန်းနဲ့ကိုတွယ်တာပါ...ကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause နေရာကိုရောက်သွားပြီး မွန်းကြတ်လာပါလိမ့်မယ်...ခံစားကြည့်ကြပါဉီး....
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်...




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open