ဒီဇာတ်ကားလေးကတော့...
.ခိုးရာပါ ဘုရားဆင်းတုတော်တစ်ဆူကနေ စတင်ခဲ့တဲ့ လူလိမ်ကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်တို့ရဲ့ ချစ်စရာ စွန့်စားခန် းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
နာမည်ကျောသူခိုး ဂင်ဒယ်ချူးဟာ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းဘုရား ဆင်းတုတော်တစ်ဆူကို ခိုးယူခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် အဲဒီဆင်းတုတော်ကို ဘတ်ဂျီမင်းဆိုတဲ့ကလေးမလေးနဲ့ ဗြောင်းအိုဆိုတဲ့ ကလေးနှစ်ယောက်က အပျော်သဘောနဲ့ ပြန်ခိုးသွားခဲ့ကြပါတယ်။
ဒီလိုနဲ့ သူ့ရဲ့ပစ္စည်းပြန်ရဖို့အတွက် ဂင်ဒယ်ချူးဟာ ကလေးတွေကို သူဟာ နိုင်ငံတော်ရတနာဝန်ကြီးဌာနက "အထူးအေးဂျင့်" တစ်ယောက်ပါလို့ လိမ်ညာပြီး ချဉ်းကပ်ခဲ့ပါတော့တယ်။
အဲဒီလိုကနေ လူလိမ်ကြီး ဒယ်ချူးနဲ့ ကလေးနှစ်ယောက်ကြားမှာ မိသားစု သံယောဇဉ်တွေ ဖြစ်ပေါ်လာပြီး ကြည်နူးစေတဲ့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ဇာတ်လမ်းလေးဖြစ်လို့ ကြည့်ရှုဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။