Ad P1
Ad P2

Chip ’n Dale: Rescue Rangers (2022)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


Chip 'n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating - 5/5 , 10/10 တွေ ပေးထားကြပါတယ်။
Chip 'n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။
ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။
ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။
ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။
ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။
ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open