လမ်းမှာလည်း အလုပ်ကနေတွေ့လို့ သနားချစ်နဲ့ ခေါ်တင်လာတဲ့ ခွေးလေးတစ်ကောင်က ပါသေး။ ဒီလိုနဲ့ သွားနေရင်း လမ်းတစ်ဝက်မှာ နားနေခန်းဝင်တုန်း ဒုက္ခကောင်းကောင်းရောက်ပါတော့တယ်။
ခွေးရော လူရောကို အသေအလဲ ရိုက်နှက်သွားကြတဲ့အပြင် လူမဆန်တဲ့အရာကိုပါ လုပ်သွားခဲ့ကြတယ်။
အဲဒါကြောင့် ဒီ မြို့ငယ်လေးက တိကုဆရာဝန်မလေးရဲ့ အကူအညီရယ် အကျဉ်းသားဟောင်း ဖခင်ဖြစ်သူ အကူအညီရယ်ယူပြီး ဒီလိုလုပ်သွားခဲ့တဲ့လူတွေကို ဘယ်လို ကလဲ့စားချေမလဲ ဆိုတာကတော့....။