ဟာသကားတွေကြိုက်နှစ်သက်တဲ့သူတွေအဖို့ Steve Carell ကိုနာမည်သာမမှတ်မိတာ လူမြင်လိုက်ရုံနဲ့ ဒီဘိုးတော်ကားတွေကရယ်လည်းရယ်ရသလို တွေးစရာ မှတ်သားစရာလေးတွေ ပေးပြီး ရင်ထဲကျန်အောင်လုပ်နိုင်တယ်လို့ တွေးစေနိုင်လောက်သည့်အထိ သူ့ကားတွေတော်တော်များများက ကောင်းခဲ့တာပါ....
IMDb တွေ Rotten တွေကလည်း ကြွရွလို့...
ကလေးမလေးတစ်ယောက်ရှိတယ်..သူက မိုင် (၈၀၀)လောက်ဝေးတဲ့နေရာမှာ အလှမယ်ပြိုင်ဖို့ရှိတယ်...
အဘိုး၊ဦးလေး ၊အမေနဲ့အမေတို့က ဆင်းရဲလေတော့ ကားစုတ်လေးငှားပြီးသွားကြတယ်..
လမ်းမှာ ဒုက္ခမျိုးစုံတွေကြသလို ..အလွဲလွဲအချော်ချော်ပေါင်းစုံနဲ့ပေါ့...
တွေးစရာမှတ်သားစရာလေးတွေ ဘယ်လောက်ပါလဲဆိုတာတော့ ကိုင်းခံစားကြည့်လိုက်ပါဦးဗျ...