Ad P1
Ad P2

First Knight (1995)

Premium By Shine Design With Shroff Templates
Poster
⭐️6.0


ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။
အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s’ တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး “Sean Connery” ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။

~ ဇာတ်လမ်းအကျဉ်း ~

ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။
ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် အာသာရဲ့ The Round Table ကနေ နှုတ်ထွက်သွားတဲ့ မယ်လဂန့်ဆိုသူရဲ့ ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
တစ်ဖက်မှာလည်း လန်းစလော့ဆိုတဲ့ ခြေသလုံးအိမ်တိုင်ဓားရေးကျွမ်းကျင်သူတစ်ယောက်ဟာ ဂွီနဗီးယားနဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘုရင်ကြီးအာသာတစ်ယောက် နောက်ဆုံးမှာသူ့အချစ်အိပ်မက်ကိုအကောင်အထည်ဖော်သွားနိုင်မှာလား…
ဂွီးနဗီးယားနဲ့ လန်းစလော့တို့အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်လာမလဲ…
ဒါ့အပြင် တစ်ချိန်ကအတွင်းလူဖြစ်ခဲ့တဲ့မယ်လဂန့်ကရော ဒီလိုဖြစ်နေတဲ့အခြေအနေတွေအပေါ် ဘယ်လိုအခွင့်ကောင်းယူသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ အပြည့်အဝရှုမြင်ရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open