ဇာတ်လမ်းကတော့... Leah ဆိုတဲ့ တီဗီအစီအစဉ် ထုတ်လုပ်သူ အမျိုးသမီးက သူ့အလုပ်မှာ ရာထူးတိုးဖို့၊ နယူးယောက်ရဲ့ ထိပ်တန်း မနက်ခင်းအစီအစဉ်ကို ဦးစီးခွင့်ရဖို့ ကြိုးစားနေတာပါ။ ပြဿနာက သူ ရာထူးရဖို့အရေး ကြိုးပမ်းနေတဲ့အချိန်မှာ သူ့ရည်းစားဟောင်း Jarrett ကလည်း အဲဒီနေရာကိုပဲ လာပြိုင်တာပါပဲ။
Jarrett ကတော့ သူအရင်လို မဟုတ်တော့ဘူး၊ "Relationship Goals" ဆိုတဲ့ စာအုပ်ကို ဖတ်ပြီး လူသစ်ဖြစ်နေပြီ၊ ပြောင်းလဲသွားပြီလို့ ဆိုပါတယ်။ Leah ကတော့ အချစ်ရေးထက် အလုပ်ကိုပဲ အာရုံစိုက်ချင်ပေမဲ့ ရည်းစားဟောင်းနဲ့ ပြိုင်ဘက်တွေဖြစ်၊ နီးစပ်လာတဲ့အခါမှာ သံယောဇဉ်ဟောင်းတွေ ပြန်ပေါ်လာမလားဆိုတာကို ကြည့်ရမှာပါ။
Workplace Rom-Com ကြိုက်တဲ့သူတွေ၊ အချစ်ဟောင်းနဲ့ ပြန်တွေ့တဲ့ Second Chance Romance မျိုး ကြိုက်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် ကားလေးဖြစ်ပါတယ်။