Ad P1
Ad P2

Dumb and Dumber To (2014)

Premium By Shine Design With Shroff Templates
Poster
⭐️5.8


Jim Carrey ကိုတော့ မသိတဲ့သူရှားပါတယ်။
ဒီ Dumb and Dumber ရုပ်ရှင်တွေကလည်းအတွဲလိုက်ထွက်ရှိထားတာဖြစ်ပြီး လူသိများတဲ့ ဟာသရုပ်ရှင်တွေပါ။
အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2014 ခုနှစ်ထွက် Dumb and Dumber to ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။
လွိုက် ဟာ သူငယ်ချင်းဖြစ်သူ ဟယ်ရီကို စနောက်ဖို့အတွက် အနှစ် ၂၀ လုံးလုံး မသန်စွမ်းအဖြစ် ဟန်ဆောင်ခဲ့ပါတယ်။
နောက်ဆုံး ဟယ်ရီနာမကျန်းဖြစ်လာတဲ့ တစ်နေ့ကျမှ ထုတ်ပြောပြခဲ့တဲ့အထိကို အစအ‌နောက် ကြမ်းလွန်းတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ဟယ်ရီဖြစ်သူက ကျောက်ကပ်အစားထိုးရမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းနှစ်ယောက် ကျောက်ကပ်အသစ်ကို ရှာဖို့ ဆွေမျိုးနီးစပ်တွေဆီ လိုက်စုံစမ်းရပါတော့တယ်။
ဒီလိုနဲ့ ဟယ်ရီ့ဆီမှာ သမီးလေးတစ်ယောက်ရှိနေမှန်း မထင်မှတ်ဘဲ ရုတ်တရက် သိလိုက်ရချိန်မှာတော့ သူငယ်ချင်းနှစ်ယောက် သမီးပျောက်ရှာပုံတော် ထွက်လာခဲ့ပါတော့တယ်။
သူငယ်ချင်းနှစ်ယောက်ဟာ အစအနောက်သန်သလောက် ဦးနှောက်ကလည်း သိပ်မကောင်းရှာပါဘူး။
လွဲလိုက်သမျှ အလွဲပေါင်းများစွာနဲ့ လွဲလွန်းနိုင်တဲ့ သူငယ်ချင်းနှစ်ယောက် သမီးပျောက်ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လောက်တွေများ လွဲဦးမလဲဆိုတာကို ဟာသနှောရင်း ကြည့်ရှုရမဲ့ ဇာတ်ကားလေးပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open