Ad P1
Ad P2

Passenger 57 (1992)

Premium By Shine Design With Shroff Templates
Poster
⭐️5.9


Blades မင်းသားကြီး Wesley Snipesရဲ့ ၁၉၉၂တုန်းက ထွက်ခဲ့တဲ့ Old but gold အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။

မင်းသားကြီးဟာ ရဲဝန်ထမ်းဟောင်း၊ လက်ရှိ လေကြောင်းလုံခြုံရေး သရုပ်ပြ နည်းပြလုပ်နေသူ ဂျွန်ကတ်တာအဖြစ် ပါဝင်ထားပါတယ်။ အတိတ်က သူ့ရဲ့အမှားတစ်ခုကြောင့် ရဲအဖြစ်ကနေအနားယူထားတဲ့ ဂျွန်ဟာ တစ်နေ့မှာတော့ နိုင်ငံတကာ လေကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံရေးအရာရှိအဖြစ် ခန့်အပ်ခံရကာ လော့စ်အန်ဂျလိစ်ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။
တိုက်ဆိုင်စွာပဲ သူစီးလာတဲ့ လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲမှုများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းက FBIဖမ်းဆီးမှုကို ခံထားရပြီး အေးဂျင့်၂ယောက်နဲ့အတူ လော့စ်အန်ဂျလိစ်ကို လိုက်ပါ လာကြပါတယ်။

နာမည်ကြီးအကြမ်းဖက်သမားဖြစ်တဲ့ ချားစ်ရိန်းက အချိန်းအချက်တွေနဲ့အတူ အတူပါ အေးဂျင့်၂ ယောက်ကို သတ်ပြီး လေယာဉ်ကို ပြန်ပေးဆွဲလိုက်တဲ့အခါ ဂျွန်ကတ်တာလည်း လုံခြုံရေး အရာရှိ ဖြစ်ဖြစ်ချင်း မဟာစွန့်စားခန်းကြီးကို စဖွင့်ရင်း ချားစ်ရိန်းနဲ့ ရင်ဆိုင်ရပါတော့တယ်။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open