Ad P1
Ad P2

Spirit Fingers (2025)

Premium By Shine Design With Shroff Templates
Poster
⭐️8.9


နာမည်ကြီး webtoon ကို အခြေခံရိုက်ကူးထားတဲ့ Spirit Fingers ဒရမ်မာလေးက နောက်ဆုံးတော့ ထွက်ရှိလာပါပြီ။
မင်းသမီး Park Ji-Hu , Crushology 101 ထဲက 2nd lead လေး Cho Jun-Young , 18 Again ထဲက Choi Bo-Min , True Beauty ထဲက မင်းသမီး Park Yoo-Na တို့အပြင် များစွာသော လူငယ်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

- ဇာတ်လမ်းအကျဉ်း -

ထူးထူးခြားခြား လှနေတဲ့သူမျိုးလည်းမဟုတ် ကိုယ်ပိုင်လက္ခဏာမျိုးလည်း မရှိတဲ့ သာမန်အထက်ကျောင်းသူလေး ဆုန်းအူယွန်း (Park Ji-Hu)...
တစ်နေ့ အူယွန်းတစ်ယောက် လမ်းသွားနေရင်း ကောင်လေးချောချောလေးတစ်ယောက်က သူတို့အဖွဲ့အတွက် မော်ဒယ်လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။
အဲဒီကောင်လေးကတော့ ပုံဆွဲအဖွဲ့ 'Spirit Fingers' ရဲ့ ဒုဥက္ကဌ ဂူဆွန်းဟို (Choi Bo-Min) ဖြစ်ပြီး အူယွန်းလည်း သူတို့အဖွဲ့အတွက် မော်ဒယ်လုပ်ပေးဖြစ်ပြီးနောက် အဖွဲ့ထဲကိုပါ ဝင်ဖြစ်သွားတော့တာပေါ့။
နမ်ဂီဂျောင် (Cho Jun-Young) ကတော့ 'Spirit Fingers' ရဲ့ ဥက္ကဌ နမ်ဂရင်း (Park Yoo-Na) ရဲ့ မောင်လေးဖြစ်ပြီး အစ်မဖြစ်သူဆီက မုန့်ဖိုးယူပြီးတော့ အဖွဲ့အတွက် မော်ဒယ်လုပ်ပေးနေကျသူလေးပါ။
ရုပ်ရည်ချောမောပေမဲ့ မွေးကတည်းက စင်ဂယ်လေးဖြစ်နေရှာတဲ့ ဂီဂျောင်တစ်ယောက် အူယွန်းနဲ့ ဆုံတွေ့ပြီးနောက်မှာ အိပ်မက်၊ အချစ်နဲ့ပတ်သက်ပြီး အလေးအနက် စဉ်းစားတွေးတောဖြစ်လာပါတော့တယ်...
"Spirit Fingers" ဆိုတဲ့ ပုံဆွဲအဖွဲ့လေးကနေ အစပြုပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အရောင်ကို ရှာဖွေခရီးဆက်ကြမဲ့ လူငယ်လေးတွေရဲ့ Healing Romance လေးကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open